Thursday, December 1, 2016

မြန်မာနှင့် စင်ကာပူ အခွန်နှစ်ထပ်ကွမ်း ကောက်ခံမှုရှောင်ကြဉ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးမည်

 မြန်မာနှင့်စင်ကာပူနှစ် နိုင်ငံအပြန်အလှန်ရင်းနှီးမြှုပ်နှံမှု ပဋိညာဉ်တစ်ရပ်ဆိုင်ရာနှင့် အ ခွန်နှစ်ထပ်ကွမ်းကောက်မှုရှောင် ကြဉ်ရေးသဘောတူညီချက်မွမ်းမံ မှုဆိုင်ရာ ဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက နိုဝင် ဘာ ၃၀ ရက်တွင် ကြေညာသည်။ စင်ကာပူသို့ သုံးရက်ကြာ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား တရားဝင်ဂုဏ်ပြုညစာ စားပွဲဧည့်ခံစဉ် မစ္စတာလီက ပြောကြားခြင်းဖြစ်သည်။ နှစ်နိုင်ငံစီးပွားရေးဆက်ဆံ မှုများသည် ခိုင်မာအားကောင်းပြီး မြန်မာ၏ရေရှည်အောင်မြင်မှု အပေါ် စင်ကာပူ၏ယုံကြည်မှုကို ပြသသည့်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တစ်နိုင်ငံထံတွင် တစ်နိုင်ငံက တိုးမြှင့်လျက်ရှိကြောင်း မစ္စတာလီက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများပါရှိသည်။

စင်ကာပူ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ဒီစီးပွားရေးသမားတွေဆီ ကနေပြီး ကျွန်မတို့ စီးပွားရေးသ မားတွေက ငွေရှာနည်းတွေသာမ က ခြစားမှုမလုပ်ဘဲ ဘယ်လိုငွေ ရှာနိုင်မလဲဆိုတာကိုပါ သင်ယူ လေ့လာနိုင်မယ်လို့ ကျွန်မတို့မျှော် လင့်ပါတယ်။ ဒါဟာ အင်မတန်မှ ကို အရေးကြီးပါတယ်’’

ဒီဇင်ဘာ ၂ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်သည် စင်ကာ ပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှနန်နှင့်အတူ စား သောက်ဆိုင်များ သီးသန့် ဖွင့်လှစ် ထားသည့် ဟောခါစင်တာတစ်ခု ၌ နံနက်စာစားသုံးရန် စီစဉ်ထား သည်။ အစားအစာ၊ အထူးသဖြင့် ဟောခါ အစားအစာသည် စင် ကာပူသားများ၏ နှလုံးသားနှင့် အလွန်နီးကပ်မှုရှိပြီး ဒေါ်အောင် ဆန်းစုကြည်က ဟောခါစင်တာ ကို လည်ပတ်မည်ဖြစ်ကြောင်း ကြားရ၍ ပျော်ရွှင်ကြောင်း မစ္စတာလီရှန်လွန်းက ပြောသည်။

‘‘ရန်ကုန်မှာ အသားငါးဈေး တွေ၊ ကုန်စိမ်းဈေးတွေ အဆင့် မြှင့်ဖို့နဲ့ ဟောခါစင်တာတွေ တည် ဆောက်ဖို့ ခင်ဗျားဆန္ဒရှိနေတာ ကျွန်တော်နားလည်ပါတယ်။ ကျွန် တော်တို့ စင်ကာပူမှာ ရှိတဲ့ ဟောခါ စင်တာတွေလိုဟာမျိုးပေါ့။ ကျွန်တော်တို့ အတွေ့အကြုံတွေကို မျှဝေရမှာ ကျွန်တော်တို့ပျော်ရွှင် မိပါတယ်။ နောက်ပြီးတော့ ကျွန် တော်တို့ရဲ့လျှို့ဝှက်ဟင်းလျာအ ညွှန်းတွေထဲက တချို့ကို ထုတ် ပြောပေးဖို့ ကျွန်တော်တို့ဟောခါ တွေကို ဖျောင်းဖျပေးမယ်။ chw-ee kueh၊ chai tao kueh၊ ကြက်သားထမင်း၊ laksa တွေလား။ အဲဒီနောက်ကျရင်တော့ စင်ကာပူသားတွေ ရန်ကုန်မှာစားဖို့ ရန်ကုန်ကို ပိုသွားကြမှာပေါ့’’ ဟု မစ္စတာလီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဒီဇင်ဘာ ၁ ရက်တွင်စတင်အသက်ဝင်မည့် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူများအတွက် ဗီဇာလို အပ်ချက်များ ဖြေလျှော့ပေးမှုနှင့် တိုက်ဆိုင်နေခြင်းကိုလည်း ထောက်ပြသည်။

‘‘ကျွန်တော်တို့ပြည်သူတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လွယ်လွယ် ကူကူ လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတွေကြားမှာ လေကြောင်းအဆက်အသွယ်တိုး မြှင့်ဖို့လည်း ကျွန်တော်တို့မျှော် လင့်ပါတယ်’’ဟု မစ္စတာလီက ပြောသည်။

၎င်းနှင့် ဒေါ်အောင်ဆန်းစု ကြည်ကြား ပုဂ္ဂိုလ်ရေးအဆက်အ သွယ်သည် စင်ကာပူ၏လွတ်လပ် ရေးထက်ပင်စောကြောင်း ၎င်းက ပြောကြားသည်။ မစ္စတာလီရှန် လွန်း၏ဖခင် စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုသည် ၁၉၆၅ မေလတွင် အိန္ဒိယ၌ ညီလာခံတစ်ခု တက်ပြီးနောက် ရန်ကုန်သို့သွားရောက် ခဲ့ကြောင်း၊ ထိုအချိန်ကဒေါ်အောင်ဆန်းစုကြည်၏မိခင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကြည်က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း ပြန်ပြောင်းပြောပြသည်။

လီကွမ်ယုနှင့် ဒေါ်ခင်ကြည် တွေ့ဆုံ စကားပြောနေသည့် ဓာတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်ထံ လက်ဆောင်အဖြစ် ပေးအပ်ရင်း မစ္စတာလီက ‘‘ဒီဓာတ်ပုံဟာ ကျွန်တော်တို့ရဲ့လူထုနှစ်ရပ်ကြား၊ နိုင်ငံတွေကြား၊ ခေါင်းဆောင်တွေကြားက ကာလကြာရှည် ချစ်ကြည်မှုနဲ့ မိတ်ဆွေဖြစ်မှုအကြောင်း ကျွန်တော်တို့ကို သတိရစေချင်ပါတယ်’’ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က လည်း ဓာတ်ပုံနှင့်ပတ်သက်၍ ‘‘ဒါ ဟာ တကယ့်ကို မမျှော်လင့်ထား ဘဲ အံ့အားသင့်စရာတစ်ခုဖြစ်ပြီး တော့ ကျွန်မတို့နိုင်ငံတွေကြား ဆက်ဆံရေးဟာ ကျွန်မတို့စိတ် ကူးမိတာထက် ပိုခိုင်မာ အား ကောင်းတယ်ဆိုတာကို ပြနေပါ တယ်။ နောက်ပြီး ဒီဆက်ဆံရေး ဟာ တဖြည်းဖြည်းပိုပြီး ခိုင်မာ လာ၊ ပိုနွေးထွေးလာနေပါတယ်။ ကျွန်မတို့နိုင်ငံတွေကြားမှာ အရင် အတိတ်တုန်းကထက် ပိုပြီးနား လည်မှုရှိတယ်လို့ ကျွန်မထင်ပါ တယ်’’ဟု ဆိုသည်။ ငြိမ်းငြိမ်းပြည့်

No comments:

Post a Comment