Thursday, December 1, 2016

ပြည်လမ်းပေါ်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောရောက်ရှိလာသည့် (၁၃၁)ယာဉ်နှင့် (၅၁) ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ

ပြည်လမ်း ပေါ်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ် ကြောရောက်ရှိလာသည့် (၁၃၁) ခရီးသည်တင်ယာဉ်နှင့် (၅၁) ခရီး သည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု နိုဝင်ဘာ ၃၀ ရက် နံနက် ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်က မြောက်မှေ တာင်သို့မောင်းနှင်လာသော (၁၃၁) ခရီးသည်တင်ယာဉ်သည် ကုန်း မြင့်ရိပ်သာလမ်းထိပ်အရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြော သို့ ရောက်ရှိသွားရာမှ မျက်နှာချင်း ဆိုင်မှမောင်းနှင်လာသည့် (၅၁) ခရီးသည်တင်ယာဉ်ကိုဝင်
တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိသည့်ဖြစ်စဉ်ကြောင့် (၁၃၁)ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းမှာ ယာဉ်တိုက်မှုဖြစ် ပွားခဲ့သည့်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ် မှုစစ်ဌာနမှ သိရသည်။
""ကားနှစ်စီးမျက်နှာချင်းဆိုင် တိုက်မိတယ်ဆိုတော့ ကားနှစ်စီးလုံး ပျက်စီးဆုံးရှုံးမှုတော့ရှိတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူတော့မရှိဘူး""ဟု နိုဝင် ဘာ ၃၀ ရက်က အဆိုပါ ယာဉ်မှုစစ် ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီမိုက ရေစီတူဒေးသို့ ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် ကြောင့် ခရီးသည်တင်ယာဉ်နှစ်စီး အတွက် ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာကျပ်သိန်း ၂၀ ခန့်ဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး မရမ်းကုန်းမြို့မရဲစခန်းမှ(၁၃၁) ယာဉ်မောင်း(စုံစမ်းဆဲ)အား ယာဉ် (ပ) ၁၁၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၂၀၂ ဖြင့်အမှုဖွင့်
ထားကြောင်း သိရသည်။
TTMT, ZLT

No comments:

Post a Comment