Friday, December 2, 2016

"ရခိုင်ကို ဒုတိယခရီးစဉ်အဖြစ် ကိုဖီအာနန် ရောက်ရှိ"

မြန်မာနိုင်ငံသို့ ဒုတိယခရီးစဉ်အဖြစ်ရောက်ရှိနေသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်သည် ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်၊၊ မစ္စတာကိုဖီအာနန်သည် ယနေ့တွင် စစ်တွေမြို့ရှိ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် မောင်တောနယ်စပ်ဒေသသို့ လာရောက်မည်ဖြစ်သည်၊၊ ကိုဖီအာနန်ရောက်ရှိသည့်အချိန်တွင် စစ်တွေဒေသခံတစ်ချို့ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်၊၊

No comments:

Post a Comment