Friday, December 2, 2016

ငလျင်ကြောင့် ပျက်စီးခဲ့သည့် နဂါးပွက်တောင်တန်ဆောင်းများ ကျပ်သိန်း ၆၀၀ ကျော် အကုန်အကျခံကာ အသစ်တည်ဆောက်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မကွေးတိုင်း မင်းဘူးမြို့ရှိ နဂါးပွက်တောင် တန်ဆောင်းများကို ကျပ် သိန်း ၆၀၀ ကျော်အကုန်အကျခံ၍ အသစ်ပြန်တည်ဆောက်နေပြီဖြစ်ကြောင်း နဂါးပွက်တောင် သာယာလှပရေး အဖွဲ့မှ သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် နဂါးပွက်တောင်၏မြေ နံရံများ ပြိုကျခြင်း၊ တန်ဆောင်း များ၏မျက်နှာကြက်၊ နံရံနှင့် အ ခင်းကြမ်းပြင်များ ပြိုပျက်ခြင်းတို့ ဖြင့် ဖြစ်ပေါ်ခဲ့သည်။ ‘‘ငလျင်လှုပ်ပြီးပြီးချင်း ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မ တော်မိသားစုက သိန်း ၁၀၀ လှူ ခဲ့တယ်။ နောက်ပြီး အနောက်ပိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးက သိန်း ၁၀၀ လှူပါတယ်။ ဒါကြောင့်အလှူဘဏ္ဍာငွေနဲ့ပေါင်းရင် သိန်း၇၀၀ ကျော်ရှိတာမှာ ပျက်စီးတဲ့ တန်ဆောင်းတွေကို ဖြိုဖျက်ပြီး အသစ်ပြန်တည်ဆောက်ရေးမှာ သိန်း ၆၀၀ ကျော်အသုံးပြုပြီး တည် ဆောက်သွားပါမယ်’’ဟု နဂါးပွက် တောင်သာယာလှပရေးအဖွဲ့အ တွင်းရေးမှူး ဦးရဲဝင်းက ပြော ကြားသည်။

လာမည့် ၂၀၁၇ ဖေဖော်ဝါရီ တွင် ရွှေစက်တော်ဘုရားပွဲ ကျင်းပမည်ဖြစ်သည်။ ယင်းရွှေစက်တော် ဘုရားပွဲတော်ကာလ အတွင်း နဂါးပွက်တောင်၌ ဘုရားဖူးဧည့်သည်များ အစည်ကားဆုံး ဖြစ်သဖြင့် ပွဲတော်ချိန်အမီ နဂါးပွက်တောင်တန်ဆောင်းများ၊ ဈေးများ တည်ဆောက်ခြင်းလုပ်ငန်း အပြီးလုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
‘‘တန်ဆောင်းတွေ အသစ် ပြန်ဆောက်ဖို့အတွက် တခြား ကန်ထရိုက်တွေကို သိန်း ၇၀၀ နဲ့ အပ်ပေမယ့် ဘယ်သူမှ လုပ်မပေး နိုင်ကြဘူး။ မကိုက်ဘူးပေါ့။ အခု တော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လွှဲအပ်မှုနဲ့အတူ မကွေး(GE)တပ် က ၆၂၁ သိန်းနဲ့ တစ်လခွဲအတွင်း အပြီးတည်ဆောက်ပေးနေတာ ပါ’’ ဟု နဂါးပွက်တောင်သာယာ လှပရေးအဖွဲ့ တာဝန်ခံက ပြော ကြားသည်။
ထို့အပြင် ရွှေစက်တော်ဘု ရားပွဲတော်အချိန်မှသာ နဂါးပွက် တောင် ဈေးဆိုင်ခန်းများကို ဝါး၊ သက်ငယ်များဖြင့် တည်ဆောက်ရ သဖြင့် နှစ်စဉ် သိန်း ၃၀ ကျော် ကုန်ကျနေခြင်းကြောင့် ယခုတန်ဆောင်းကြီးဖြိုဖျက်ခြင်းမှ ပိုလာသည့်ပစ္စည်းများဖြင့် ဈေးဆိုင်ခန်း များကိုလည်း အခိုင်အခံ့ တည် ဆောက်သွားမည်ဟု နဂါးပွက် တောင် သာယာလှပရေး အဖွဲ့မှ သိရသည်။
7 Day

No comments:

Post a Comment