Thursday, December 1, 2016

အီဘရာဟီမိုဗစ်ခ်ျနှင့် မာရှယ်တို့၏ သွင်းဂိုးများဖြင့် ၀က်စ်ဟမ်းကို မန်ယူ ဂိုးပြတ်နိုင်

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူနဲ့ ၀က်စ်ဟမ်းတို့ နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ရာ မန်ယူက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကပဲ ပရီးမီးယားလိဂ် အမှတ်ပေးပွဲမှာ တွေ့ဆုံခဲ့ပြီး တဘက်နဲ့တဂိုးစီ သရေကျထားခဲ့တာပါ။ မန်ယူနည်းပြ မော်ရင်ဟိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကွင်းအတွင်း မကြီးကြပ်နိုင်ခဲ့ပေမယ့် လိုအပ်တဲ့နိုင်ပွဲကိုတော့ ရယူနိုင်ခဲ့ပါတယ်။ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့တဲ့ မန်ယူအသင်းဟာ ပွဲအစ ၂ မိနစ်မှာပဲ အီဘရာဟီမိုဗစ်ခ်ျရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ၃၅ မိနစ်မှာ ၀က်စ်ဟမ်းတိုက်စစ်မှူး ဖလက်ချာက ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူဟာ ဘောလုံးပိုင်ဆိုင်ခွင့်ရော ဂိုးကန်သွင်းခွင့်တွေမှာပါ ၀က်စ်ဟမ်းကို အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒီနောက် ပွဲချိန် ၄၈ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ မန်ယူတိုက်စစ်မှူး မာရှယ်က ၂ ဂိုးသွင်းယူပေးခဲ့သလို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အီဘရာဟီမိုဗစ်ခ်ျက တဂိုးထပ်သွင်းလို့ ပွဲအပြီးမှာ မန်ယူက ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

No comments:

Post a Comment