Friday, December 2, 2016

အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် စတင်အသုံးပြုနေ၍ ကြန့်ကြာမှုရှိနေကြောင်း တာဝန်ရှိသူဝန်ခံ

အလိုအလျောက်ကုန် စည်ရှင်းလင်းရေးစနစ်(MACCS) ကို စတင်အသုံးပြုနေချိန်ဖြစ်၍ အကောက်ခွန် ကြေညာလွှာများ ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အ ကောက်ခွန်ဌာနက တိုက်ဆိုင်စိ စစ်နေရသဖြင့် ကြန့်ကြာနေရခြင်း ဖြစ်ကြာင်း MACCS ဌာနခွဲ ညွှန် ကြားရေးမှူး ဦးဝင်းသန့်က ပြော ကြားသည်။ နိုဝင်ဘာ ၃၀ ရက်က အ ကောက်ခွန်ဦးစီးဌာနတွင် ပြုလုပ် သည့် MACCS စနစ်ဆိုင်ရာနှင့် အကောက်ခွန်ဦးစီးဌာန၏ဆောင် ရွက်ချက်များကို သတင်းစာရှင်း လင်းပွဲ၌ ဦးဝင်းသန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘ကြားခံဆောင်ရွက်ပေးရ တဲ့ အကောက်ခွန်အေးဂျင့်နဲ့ ပို့ ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ ကြားမှာ နားလည်မှု၊ ယုံကြည်မှု လိုနေသေးတယ်။ အကောက်ခွန် အေးဂျင့်တွေက လုပ်ငန်းရှင်ရဲ့ စာရွက်စာတမ်းတွေကို မယုံတော့ အကောက်ခွန်ဌာနက စစ်ဆေး ပေးပါဆိုပြီး MACCS စနစ်ထဲမှာ ရွေးပြီးဖြည့်လိုက်တယ်။ အဲဒီလို ရွေးတဲ့သူက ၉၀ ရာခိုင်နှုန်းကျော် တောင်ရှိတယ်။ အကောက်ခွန်က စိစစ်စရာမလိုတဲ့ Green Channel က ၁ ဒသမ ၅ ရာခိုင် နှုန်းပဲရှိတယ်’’ ဟု ဦးဝင်းသန့်က ပြောသည်။

အကောက်ခွန်ဦးစီးဌာနအ နေဖြင့် အဆိုပါ ၉၀ ရာခိုင်နှုန်း ကျော်သည် အကောက်ခွန်ကြေ ညာလွှာများကို စာရွက်စာတမ်း များဖြင့် တိုက်ဆိုင်စစ်ဆေးနေပြီး မှန်ကန်လုံလောက်သည့် ကြေ ညာလွှာများကို ခွင့်ပြုပေးကာ ယင်းကြေညာလွှာများထဲမှ ဖွင့် ဖောက်စစ်ဆေးရမည့် ကုန်စည် များပါဝင်ပါက ကုန်သေတ္တာကို ဖွင့်ဖောက်စစ်ဆေးရကြောင်း ၎င်း ကပြောသည်။
ယခင်က ဆိပ်ကမ်းတွင် ကုန်သေတ္တာစစ်ဆေးရာ၌ အကောက်ခွန်ဌာနက စစ်ဆေးမှုမှကင်းလွတ်ခွင့်ရသည့် ကုန်စည် (Green Channel) ၊ စာရွက် စာတမ်းများကို တိုက်ဆိုင်စစ်ဆေးရမည့် ကုန်စည် (Yellow Channel) နှင့် ဖွင့်ဖောက်စစ်ဆေး ရမည့် ကုန်သေတ္တာ (Red Cha-nnel) ဟူ၍ အမျိုးအစားခွဲခြားပြီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ MACCS စနစ်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ၏ အကောက်ခွန်ကြေညာ လွှာ များကို အကောက်ခွန်အေးဂျင့် များက ကြားခံတင်ပြရသည့် စနစ် ဖြစ်သည်။ အကောက်ခွန်အေးဂျင့် က အကောက်ခွန် ကြေညာလွှာ နှင့်ပတ်သက်ပြီး အကောက်ခွန် ဌာနသို့ သတင်းပို့သည့်အခါ ကြေ ညာလွှာကို ယုံကြည်စိတ်ချပါက (A)၊ ကုန်ပစ္စည်းများနှင့်စာရွက်စာ တမ်းများလွဲနေပါက (B)၊မှန်ကန် မှုရှိ၊ မရှိမသိရ၍ အကောက်ခွန် ဌာနက စစ်ဆေးရန်လိုအပ်ပါက (C) စသည့်အချက်များ ခွဲခြားဖော် ပြရခြင်းဖြစ်သည်။
ယခုမှစနစ်စတင်ခြင်းဖြစ်၍ အကောက်ခွန်အေးဂျင့်များက လုပ်ငန်းရှင်များ၏ အကောက်ခွန် ကြေညာလွှာများကို ယုံကြည်မှုလို ၍ အကောက်ခွန်ဌာနက စစ်ဆေး ပါရန်ဆိုသည့် အဆင့်(C) ကိုသာ ဖြည့်နေရခြင်းမှာ ၉၀ ရာခိုင်နှုန်း ကျော် ရှိနေသည်ဟု ဆိုသည်။
စာရွက်စာတမ်းနှင့် ကုန် ပစ္စည်းများကို စစ်ဆေးခြင်းမပြုဘဲ ခွင့်ပြုပေးသည့် Green Channel ကို အကောက်ခွန်ကြေညာလွှာ များ၏ ၆၀ ရာခိုင်နှုန်းအထိ ခွင့်ပြု ပေးပြီး ကုန်သွယ်မှုမြန်ဆန်ရန် အ ကောက်ခွန်ဌာနက စီစဉ်ထား သော်လည်း အခက်အခဲကြုံတွေ့ နေဆဲဖြစ်ကြောင်း ဦးဝင်းသန့်ကပြောသည်။
7 Day

No comments:

Post a Comment