Thursday, December 1, 2016

ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလထွေချုပ်ဟောင်း ကိုဖီအာနန် ရခိုင်ပြည်နယ် လေးမြို့နယ်သို့ သုံးရက်ကြာသွားရောက်မည်

ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်သည် ဒီဇင်ဘာ ၂ ရက် မှ ၅ ရက်အထိ ရခိုင်ပြည်နယ်သို့ သုံး ရက်ကြာသွားရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရ သည်။ကိုဖီအာနန်၏ ရခိုင်ပြည်နယ် ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ် တွေ၊ မြောက်ဦး၊ မောင်တောနှင့်မြေပုံ မြို့နယ်တို့သို့သွားရောက်မည်ဖြစ် ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြော ခွင့်ရစည်ပင်သာယာရေးဝန်ကြီး ဦးမင်း အောင်က ""စစ်တွေ၊ မြောက်ဦးနဲ့မောင် တောကိုသွားမှာပါ။ မြေပုံကတော့ အချိန်ရရင်သွားမယ်။ မောင်တော က လုံခြုံရေးအခြေအနေက အထွေ အထူးပြဿနာမရှိပါဘူး။ သွားလို့ရ ပါတယ်""ဟု နိုဝင်ဘာ ၃၀ရက်နေ့ နေ့လယ်ပိုင်းတွင်ပြောသည်။
ကိုဖီအာနန်ခရီးစဉ်နှင့်ပတ်သက် ပြီးမေးမြန်းရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များထံ သို့ ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ဥက္ကဋ္ဌကိုဖီအာနန်သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ် သည်။ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းနှစ်ဖက်လူမှုအဖွဲ့ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့များ၊ လူငယ်ခေါင်း ဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်အဖွဲ့ဝင်များသည် နိုဝင် ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် မောင် တောဒေသသို့ သွားရောက်နိုင်ခြင်း မရှိပေ။ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ဥက္ကဋ္ဌကိုဖီအာနန်သည် စက်တင်ဘာ ၆ ရက်အတွင်းက ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ဒေသခံအချို့က ဆန္ဒပြကန့်ကွက်ခဲ့ ကြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာ နန်မှ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြည်ပ ပညာရှင်နှစ်ဦး၊ ပြည်တွင်းမှခြောက် ဦး အပါအ၀င်စုစုပေါင်းကိုးဦးဖြင့် သြဂုတ် ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အစီရင်ခံစာ ကို ၂၀၁၇ ခုနှစ် နှစ်လယ်ခန့် တွင် အစိုးရသို့ တင်သွင်းရမည်ဖြစ်သည်။
HM

No comments:

Post a Comment