Friday, December 2, 2016

သာကေတတွင် လူမျိုးရေး၊ ဘာသာရေးအသွင် ပြဿနာမဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်သူအမျိုးသားကို ထောင်သုံးလကျခံစေရန် ချက်ချင်းအမိန့်ချပြီး ဆိုင်ခန်းများဖျက်ဆီးသူများကိုလည်း အမှုဖွင့်

သာကေတမြို့နယ် (၁၀)ရပ်ကွက်၌ လမ်းဘေးတွင် ဈေး ရောင်းချသူများနှင့်အချင်းများပြီး ရိုက်နှက်သော အမျိုးသားတစ်ဦးကို သာကေတမြို့နယ် တရားသူကြီးက ထောင်သုံးလကျခံစေရန် ချက်ချင်း အမိန့်ချခဲ့ပြီး အဆိုပါအမျိုးသား၏ ဈေးဆိုင်ခန်းများကို ဖျက်ဆီးခဲ့သူများ ကိုလည်း ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်။ ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီခွဲတွင် သာကေတမြို့နယ် ရတနာပုံ (၁)လမ်း၌ လမ်းဘေး ကုန်စိမ်းဈေးရောင်းချနေသူများကို ဘာသာခြား အမျိုးသားတစ်ဦးက၎င်း၏ ကုန်စုံဆိုင်ရှေ့တွင် ရောင်းချနေသဖြင့် ဖယ်ရှားခိုင်းရာမှ အချင်းများပြီးနောက် ကုန်စိမ်းပစ္စည်းများကို ဖျက်ဆီးကာ ဈေးသည် အမျိုးသမီး နှစ်ဦးကို ရိုက်နှက်ခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများက ပြောသည်။



ထိုသို့ ဖြစ်ပွားမှုကြောင့် လူစုလူဝေးဖြစ်ပွားပြီး ကုန်စိမ်းဈေး သည်နှစ်ဦးအား ရိုက်နှက်သည်ကို မကျေနပ်သော အနီးဝန်း ကျင်ရှိလူများက အဆိုပါအမျိုးသားရောင်းချနေသော ကုန်စုံဆိုင်များကို ပိတ်သိမ်းပေးရန် ပြောဆိုပြီး ဖျက်ဆီးမှုများအနည်းငယ် ပြုလုပ်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဘာသာရေး၊ လူမျိုးရေးအသွင် ပြဿနာမဖြစ်လာရန် အခင်းဖြစ် ပွားရာနေရာများကို လုံခြုံရေးတိုး မြှင့်ချထားကြောင်း သာကေတမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်မြင့် ဇော်ဦးက ပြောသည်။

‘‘အချိန်မီထိန်းသိမ်းနိုင်ခဲ့ပါ တယ်။ အဲဒီလူကိုလည်း ချက်ချင်း ဖမ်းဆီးပြီး တရားရုံး တင်ခဲ့ပါ တယ်။ လူစုလူဝေးအနည်းငယ် တော့ ဖြစ်တာပေါ့။ အဲဒါကြောင့် နောက်ထပ် ဘာပြဿနာမှမဖြစ် အောင် လုံခြုံရေးတွေ တိုးမြှင့်ချ ထားပါတယ်’’ဟု ရဲအုပ်မြင့်ဇော်ဦးက ပြောသည်။

‘‘သူ့ဆိုင်က ဒီနေ့မှ စဖွင့် တာ။ ကျွန်မတို့က ဒီနေရာမှာ ဈေး ရောင်းနေတာ နှစ် ၂၀ လောက်ရှိပြီ။ အဲဒါ သူ့ဆိုင်ကို ပိတ်ပြီး ဈေးရောင်းတယ်ဆိုပြီး ကျွန်မတို့ကို သံတုတ်နဲ့ ရိုက်တယ်။ ကောင်မ လေးတစ်ယောက် အရိုက်ခံရပြီး ဆေးရုံမှာ။ ကျွန်မလည်း နည်း နည်းအရိုက်ခံရတယ်’’ဟု ကုန်စိမ်းရောင်းချသူ ဒေါ်ချိုချိုဝင်းက ပြောသည်။

ကုန်စိမ်းဈေးသည်အချို့ကို ရိုက်နှက်ခဲ့သော အဆိုပါ အမျိုးသားကို ရန်ကုန်ရဲအက် ၃၀(က)ဖြင့် အမှုဖွင့်ခဲ့ပြီး သာကေတမြို့ နယ် တရားရုံးတွင် တရားစွဲဆိုတင်ပို့ရာ တရားသူကြီးက ထောင်သုံးလကျခံစေရန် ချက်ချင်းအမိန့်ချခဲ့သည်။

 ထို့အပြင် အဆိုပါ အမျိုး သားနှင့်အတူ ပါဝင်သော အခြားအမျိုးသားတစ်ဦးကို ပုဒ်မ ၃၅၄၊၂၉၄၊ ၃၂၃၊ ၄၂၇၊ ၁၁၄ စသည့်ပုဒ်မငါးခုဖြင့် ဆက်လက်အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

ထို့အပြင် ကုန်စုံဆိုင်များ ဖျက်ဆီးခဲ့သူများကိုလည်း ပုဒ်မ ၁၄၇၊ ၄၂၇၊ ၁၁၄ စသည့်ပုဒ်မ သုံးခုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။ ငြိမ်းချမ်း

No comments:

Post a Comment