Friday, December 2, 2016

ရန်ကုန်ရှိမြို့နယ်တိုင်းတွင် ပြည်သူ့နီတိစာမေးပွဲများပြုလုပ်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မြို့နယ်တိုင်းတွင် ပြည်သူ့နီတိ စာမေးပွဲများကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်သူ့နီတိစာမေးပွဲကျင်းပရခြင်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက "ကျွန်တော့်အနေနဲ့ ရန်ကုန်မြို့ကို လုပ်ချင်တာ  နှစ်ခုရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာ လှပဖို့အတွက်ပါ။  ဒီပြည်သူ့နီတိစာမေးပွဲကို ကျင်းပရတာက ရန်ကုန်မြို့ကြီးကို စာရိတ္တမြှင့်တင်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာဖို့၊ ရန်ကုန်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အတွက်ပါ"ဟု ပြောသည်။ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ရန်ကုန်မြို့တော်ဝန်၊ စာရေးဆရာမင်းယုဝေ၊ မောင်ခင်မင်(ဓနုဖြူ) ၊ ဂုဏ်ထူး ဦသိန်းနိုင် တို့ဖြင့်ဦးစီးနာယကအဖွဲ့ကိုဖွဲ့ စည်းထားပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အပါအဝင် အခြား ကော်မတီ ၈ ခုကိုလည်းဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါပြည်သူ့နီတိပြုင်ပွဲတွင် ဖြေဆိုရမည့် နမူနာလမ်းညွှန်စာအုပ်ကို ဂုဏ်ထူး ဦးသိန်းနိင်၊ စာရေးဆရာ ဟိန်းလတ်၊ စသည့်စာရေးဆရာတို့က  အကြမ်းအားဖြင့် ပြုစုထားကြောင်း သိရသည်။ိစာမေးပွဲကို မြို့နယ်အဆင့်နှင့် ဗဟိုအဆင့် ဟူ၍ နှစ်မျိုးခွဲခြားထားကာ မြို့နယ်အဆင့်စာမေးပွဲကို ၂၀၁၆ ဒီဇင်ဘာလ နောက်ဆုံးပတ်နှင့်  ဗဟိုအဆင့် စာမေးပွဲကို ၂၀၁၇ ဇန်နဝါရီလ ဒုတိယပတ်တို့တွင်  ကျင်းပမည်ဖြစ်သည်။ယင်းစာမေးပွဲကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၅ မြို့လုံးတွင် ကျင်းပမည် ဖြစ်သည်။ စာမေးပွဲတွင် မြို့နယ်အဆင့် ဖြေဆိုသူများကို ပထမ၊ ဒုတိယ၊  တတိယ၊ နှစ်သိမ့်ဆု နှစ်ဆုစီ ချီးမြှင့် ပေးမည်ဖြစ်ကာ မြို့နယ်အဆင့်မှ ပထမ နှင့် ဒုတိယဆုရှိသူများသည် ဗဟိုအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ လင်းဟိန်း၊ဝေရှိုင်းကျော်

No comments:

Post a Comment