Thursday, December 1, 2016

မင်းပြားမြို့တွင် မီးလောင်မှုဖြစ်ပွားပြီးနောက် မြို့တွင်း၌ လောင်စာဆီများ လုံးဝသိုလှောင်ရောင်းချခြင်းမပြုရန် ဆွေးနွေးဆုံးဖြတ်

 ရခိုင်ပြည် နယ် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် တွင် နိုဝင်ဘာ ၂၅ ရက်က မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြို့ တွင်း ၌လောင်စာဆီများ သိုလှောင် ရောင်းချခွင့်မပြုရန် အစည်းအဝေး တစ်ရပ်ပြုလုပ် ကာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးကို နို ၀င်ဘာ ၂၈ ရက်က မင်းပြားမြို့နယ် စည်ပင် သာယာရေးကော်မတီမှဦး ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်း အဝေးတွင် မင်းပြားမြို့တွင်း၌ လောင် စာဆီသိုလှောင်ရောင်းချခြင်းကို လုံးဝ မပြုလုပ်ရန်၊ မြို့တွင်းလောင်စာဆီ သိုလှောင်ရောင်းချမှုနှင့် ပတ်သက် ၍ကွင်းဆင်း စိစစ်ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်နှင့် စိစစ် တွေ့ရှိခဲ့ ပါက ကော်မတီကသက်ဆိုင် ရာကိုတင်ပြပြီး ဥပဒေအရထိရောက် စွာအရေး ယူပေးရန်ဆိုသည့် ဆုံးဖြတ် ချက်သုံးရပ်ကိုချမှတ်ခဲ့ကြောင်း မင်း ပြားမြို့နယ် စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက နိုဝင် ဘာ ၂၉ ရက်တွင်ပြောကြားသည်။
မင်းပြားမြို့တွင်း၌ စက်သုံးဆီ သိုလှောင်ရောင်းချခွင့်မရပါ က ရောင်း ချရန်နေရာ များ လိုအပ်နေ ပြီး မြို့ပြင်တွင် နေရာများကို သက် ဆိုင်ရာမှ ရှာဖွေပေးရန် စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များက တောင်း ဆိုခဲ့ကြောင်း သိရသည်။ မင်းပြားမြို့ဦးစိုးတင့်ရပ်ကွက် တွင် နိုဝင်ဘာ ၂၅ ရက်က မီး လောင်ကျွမ်း မှုဖြစ်စဉ်ကြောင့် လူငါး ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ လူ နေအိမ်၊ သစ်အရောင်းဆိုင်နှင့် စက်သုံးဆီအရောင်း ဆိုင် နှစ်ဆယ် ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေတစ်ရာ ကျော်အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရသည်။ NT

No comments:

Post a Comment