Friday, December 2, 2016

မဟာဗန္ဓုလပန်းခြံ​ဘေးက ည​ဈေးမှာ ဆိုင်နေရာ​ကိစ္စကစပြီ့း​အချင်းချင်းစကားများရာက ရိုက်​နှက်​မှုတစ်​ခုဖြစ်​ပွား

မဟာဗန္ဓုလပန်းခြံ​ဘေးက ည​ဈေးမှာ ဒီက​နေ့ဒီဇင်​ဘာ ၁ရက်​​နေ့ ည​နေ ၅နာရီဝန်းကျင်​ခန့်​က လမ်း​ဘေး​ဈေးသည်​အချို့ ဆိုင်​နေရာ​ကြောင့်​ အချင်းချင်းစကားများရာက ရိုက်​နှက်​မှုတစ်​ခုဖြစ်​ပွားခဲ့ပါတယ်​။ " စိန်​​ခေါ်တယ်​ ထွက်​လာခဲ့တဲ့ သတ္တိရှိရင်​တဲ့ သမီးကိုအ​နောက်​က​နေဝင်​ပြီးပါးဝင်​ရိုက်​တာ '' လို့ ကွမ်းယာနဲ့မုန့်​​ရောင်းချသူ မမြတ်​မိုးဟန်​က​ပြောပါတယ်​။ "ကျွန်​​တော်​တို့က​တော့ မဖြစ်​​အောင်​​တော့ထိန်းတာပဲ။ ကျွန်တော်တို့ တစ်ခြားနေရောက်နေတုန်း ကျွန်တော်တို့မရှိတဲ့နေရာမှာ ဒီလိုဖြစ်​သွားတာကျတော့လဲ မတတ်​နိုင်​ဘူး​ပေါ့​လေ ကျွန်​​တော်​တို့လည်း အတက်​နိုင်​ဆုံး​တော့ လုပ်​​နေကြတာပါပဲ '' လို့. ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေးေ ကာမတီက ရဲမှူးမြ​အောင်​က မီဒီယာများကို​ပြောပါတယ်​။ ရန်​ကုန်​မြို့တွင်း​လေးမြို့နယ်​က လမ်း​ဘေး​ဈေးသည်​​တွေ ကို ယ​နေ့မှာ အပြီးသတ်​ဖယ်​ရှားဖို့ ရန်​ကုန်​မြို့​တော်​စည်​ ပင်​သာယာ​ရေး​ကော်​မတီက ​ကြေညာထားသလို လိုက်​လံ ရှင်းလင်းမှု​တွေလည်း လုပ်​​ဆောင်​​နေတာ​တွေ့ရပါတယ်​။ ဖြိုးထက်​​အောင်

No comments:

Post a Comment