Friday, December 2, 2016

ကိုဖီအာနန်အား ဆန္ဒပြမည့် သတင်းကြောင့် စစ်တွေလေဆိပ် လုံခြုံရေး ထူထပ်စွာ ချထား

ယနေ့ စစ်တွေသို့ရောက်ရှိလာမည့် ကိုဖီအာနန်ဦးဆောင်သည့် မြန်မာနိုင်ငံ အကြံပေး ကော်မရှင် ခရီးစဉ်အတွင်း ဆန္ဒပြမည်ဟု သတင်းများ ထွက်ပေါ်နေပြီး စစ်တွေ လေဆိပ်အဝင် အနီးတွင် ရဲလုံခြုံရေး ထူထပ်စွာ ချထားသည်။ အဆိုပါ လုံခြုံရေးတပ်ဖွဲ့ကို စစ်တွေခရိုင်ရဲမှူးကြီးက ဦးဆောင်ပြီး အင်အား ၁၀၀ ခန့်ရှိကာ လေဆိပ်အဝင် အလိုတော်ပြည့် ကျောင်းအနီးတွင် ချထားသည်ကို တွေ့ရသည်။ ဆန္ဒပြသမားများကြောင့် ကိုဖီအာနန်ခရီးစဉ် အနှောင့်အယှက် မဖြစ်စေရန် ယင်းသို့လုံခြုံရေး တပ်ကြပ်ထားခြင်းဖြစ်သည်။ ယင်းအပြင် တပ်မတော်က လေဆိပ်တွင် မိုင်းရှင်းကရိယာကို အသုံးပြု၍ မိုင်းရှာမှုများရှိသည်ကို တွေ့ရှိရသည်။

No comments:

Post a Comment