Thursday, December 1, 2016

ရွှေတိဂုံစေတီတွင် ကပ်လှူထားသည့် ရွှေစင်ရွှေပြားများ၏ အရည်အသွေးနှင့် အရွယ်အစားကို ပြန်လည်စစ်ဆေးမည်

 ရွှေတိဂုံစေတီ တော်မြတ်ကြီးတွင် ကန်ထရိုက် စနစ်ဖြင့် ကပ်လှူထားသည့် ရွှေ စင်ရွှေပြားများ၏ အရည်အသွေး နှင့် အရွယ်အစားပမာဏတို့ကို စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘အရင် ကန်ထရိုက်စနစ်နဲ့ ကပ်လှူထားတဲ့ ရွှေစင်ရွှေပြားအရည်အသွေး အရွယ်ပမာဏတို့ ကိုလည်း ပညာရှင်အဖွဲ့ဖွဲ့ပြီး စစ် ဆေးမယ်။ စစ်ဆေးပြီး တွေ့ရှိတဲ့ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်နဲ့အညီ သက်ဆိုင်ရာ ကန်ထ ရိုက်လုပ်ငန်းရှင်တွေကို အရေးယူ ဆောင်ရွက်မယ်’’ဟု သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောသည်။ ထိုသို့ အရေးယူဆောင်ရွက် ရန် ၂၀၁၇ ပွင့်လင်းရာသီတွင် စေတီတော်မြတ်ကြီးကို ဝါးငြမ်း များဆင်၍ ရွှေစင်ရွှေပြား အရည် အသွေး စစ်ဆေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။



ဝါးငြမ်းများ ဆင်ရာတွင် ဝါး တန်ဖိုးနှင့် လုပ်အားခအပါအဝင် ငွေကျပ်သိန်း ၄၀၀ ကျော် ကုန်ကျ မည်ဖြစ်ပြီး အချိန်အားဖြင့် နှစ်လ ကြာမည်ဖြစ်ကြောင်း ဦးအောင် ဆန်းဝင်းကပြောသည်။

ထို့အပြင် လက်ရှိတွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးသို့ ရွှေစင်ရွှေပြား (Gold Plate)ကပ်လှူ ရာ၌ အောက်ခံ (Frame)ရွှေစင် တစ်ကျပ်သားများအစား ခြောက် ကျပ်သားသို့ ပြောင်းလဲကပ်လှူ မည်ဖြစ်ပြီး ယင်းရွှေ၏ အလေး ချိန်၊ အရည်အသွေးနှင့် ထုထည် ပမာဏမှန်ကန်ရေးကို စစ်ဆေး ရေးအဖွဲ့ဖွဲ့ကာ ဆောင်ရွက်မည် ဟု ၎င်းကပြောသည်။

ထို့အပြင် ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ရွှေစင်ရွှေပြား (Gold Plate)များ ကပ်လှူရာတွင် ရွှေစင်တစ်ကျပ်သားကို အသုံးပြု ခြင်းကြောင့် ရွှေ၏ ထုထည်ပမာ ဏမှာ ပါးလွှာခြင်း၊ ရွှေပြားများ အပေါ်တွင် ကျရောက်လေ့ရှိ သော ပိုးမွှားတိရစ္ဆာန်များကို ငှက်ငယ်များက လာရောက်ထိုးဆိတ် ခြင်း၊ ယင်းငှက်ငယ်များကို စွန် နှင့် သိန်းငှက်ငယ်တို့က ထိုးသုတ် ဖယ်ယူမှုကြောင့် အောက်ခံပါး လွှာသော ရွှေပြားများ ပေါက်ပြဲ ၍ ပျက်စီးဆုံးရှုံးခြင်းများရှိသည် ဟု သာသနာရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

‘‘အောက်ခံဖရိမ် တစ်ပေ ပတ်လည် ကြေးပြားများအပေါ် မှာ ရွှေစင်ခြောက်ကျပ်သားနဲ့ ကပ်လှူပူဇော်ရင် သဘာဝဘေးအန္တ ရာယ်၊ ကျေးငှက်တိရစ္ဆာန်တွေ ကြောင့် ဖြစ်ပေါ်လာမယ့် ပျက်စီး မှုကို ကာကွယ်နိုင်ပြီး နှစ်ကာလ ရှည်ကြာစွာ ကာကွယ်ထိန်းသိမ်း  နိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးအောင် ဆန်းဝင်းကပြောသည်။

 ရွှေစင်ခြောက်ကျပ်သား ပြောင်းလဲပူဇော်မည့် ရွှေ၏ အ လေးချိန်၊ အရည်အသွေးနှင့် အ ရွယ်အစားမှန်ကန်ရေးအတွက် ဖွဲ့စည်းမည့် စစ်ဆေးရေးအဖွဲ့ တွင် သတ္တုဗေဒပညာရှင်နှင့် ပန်း ထိမ်ပညာရှင်များ ပါဝင်မည်ဖြစ် သည်။

‘‘ဘုရားကို မနေ့ည (နိုဝင် ဘာ ၂၉)ရက်က သွားဖူးပါတယ်။ ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်လှူ ထားမှုကို ဖူးရတာ အရောင်မညီ တာကိုတော့ သတိထားမိတယ်’’ ဟု ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်သူတစ်ဦးကပြောသည်။

 ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရောင်တော်ဖွင့်လှစ်၍ ပြောင်းလဲကပ်လှူမည့် ရွှေစင်ရွှေပြား ခြောက်ကျပ်သား လုပ်ငန်းစဉ်နှင့် ရွှေသင်္ကန်းများ ကပ်လှူမှုကို ၂၀၁၈ ပွင့်လင်းရာသီတွင် ဆောင်ရွက်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ဦးအောင် ဆန်းဝင်းက ပြောသည်။ ရဲနိုင

No comments:

Post a Comment