Thursday, December 1, 2016

အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့်စာပေဗိမာန်စာမူ ဆုများချီးမြှင့်

၂၀၁၅ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာ ပေဗိမာန်စာမူဆု ဆုနှင်းသဘင်အ ခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ နိုဝင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါဆုပေးပွဲတွင် ၂၀၁၅ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုနှစ်ဆုကို ဆရာကြီးဦးဝင်းမွန်
(တက္က သိုလ်ဝင်းမွန်)၊ ဦးတင်ခ(တက္က သိုလ်တင်ခ)တို့ကလည်းကောင်း၊ ၂၀၁၅ ခုနှစ်အတွက် အမျိုးသား စာပေဆု ၁၁ဆုချီးမြှင့်ခဲ့ပြီး ၀တ္ထုတို ပေါင်းချုပ်ဆုကို ပတ္တမြားလှံတံ ၀တ္ထု တိုပေါင်းချုပ်စာအုပ်ဖြင့် သတိုးက လည်းကောင်း၊ ကဗျာပေါင်းချုပ်ဆု ကို ပန်းနုကြည်ပြာကဗျာများစာ အုပ်ဖြင့် ဇော်မျိုးဟန်(ငါးသိုင်းချောင်း) ကလည်းကောင်း၊ စာပဒေသာဆုကို ကျမ်းများအဆီ ဘာရတီနှင့် အခြား ဆောင်းပါးများစာအုပ်ဖြင့် ဒေါက် တာမခင်မြင့်က ရရှိခဲ့သည်။

အမျိုးသားစာပေတစ်သက် တာဆုရရှိခဲ့သူဆရာကြီးဦးတင်ခ (တက္ကသိုလ်တင်ခ)က""ဟိုတုန်းက တော့ ကြေးမုံတို့၊ မြန်မာ့အလင်းတို့ ဟံသာဝတီတို့ သတင်းစာတွေမှာ ဆောင်းပါးတွေရေးတယ်။ ခရီးသွားမှတ်တမ်းတွေ၊ နေ့စဉ်မှတ်တမ်းတွေ ပြုစုရေးသားခဲ့တယ်။အလောင်း မင်းတရားပြောသလိုပေါ့၊ တစ်ခုခု မှတ်တမ်းထားရမယ်ပေါ့။ ခေတ်ကို မျက်ကွယ်ပြုသွားပြီး မတည်တံ့ဘူး ပေါ့။ အခုလိုဆုရတဲ့အတွက်လည်း ၀မ်းသာပါတယ်။လူငယ်တွေကို လည်း စာဖတ်မှတ်တမ်းထားဖို့လေ့ လာမှတ်သားကြပါလို့တိုက်တွန်းချင် ပါတယ်""ဟု ပြောသည်။
ထို့ပြင်မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဆုကို မြန်မာနိုင်ငံ ဓာတ်ပြားသမိုင်းသုတေသနကျမ်း (၁၈၅၇-၁၉၇၇)ဖြင့် သုတေသီမောင် မောင်ကလည်းကောင်း၊ ကလေးစာ ပေဆုကို တာဝန်ကိုယ်စီရှိကြသည် နှင့် ကလေးဝတ္ထုတိုများစာအုပ်ဖြင့် ခမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး)ကလည်း ကောင်း၊ ဘာသာပြန်(ရသ) စာပေ ဆုကို ခရီးကန္တာစာအုပ်ဖြင့် ညိုအံ့ ကလည်းကောင်း၊ သုတပဒေသာ (၀ိဇ္ဇာ)စာပေဆုကို တနင်္သာရီတိုင်း ဒေသကြီး နောက်ခံသမိုင်းမှတ်စု စာအုပ်ဖြင့် မောင်လေးတင့်က လည်း ကောင်း၊ သုတပဒေသာ (အသုံးချ သိပ္ပံ)ဆုကို ရင်သွေးတို့အရွယ် သဘာဝအလိုက်ပြုစုပျိုးထောင်ရေး စာအုပ်ဖြင့် ဒေါက်တာခင်မျိုးဟန် (ကလေးအထူးကုဆရာဝန်ကြီး)က လည်းကောင်း၊ နိုင်ငံရေးစာပေဆုကို ဖဆပလခေတ် မြန်မာနိုင်ငံရေး သမိုင်း (၁၉၄၈-၁၉၅၈)စာအုပ်ဖြင့် ပါမောက္ခ ဒေါက်တာစန်းစန်းမြင့် က ရရှိခဲ့သည်။
အင်္ဂလိပ်ဘာသာရပ်(သုတ)ဆု တွင် Ancient Jewellery of Myanmar From Prehistory to Pyu Period စာအုပ်ဖြင့် Terence Tan ကလည်းကောင်း၊ အင်္ဂလိပ်ဘာ သာ(ရသ)ဆုကို Beloved Country စာအုပ်ဖြင့်
အောင်မျိုးမင်းကလည်း ကောင်း အသီးသီးရရှိခဲ့ကြပြီး၊ စာ ပေဗိမာန်စာမူဆု ၃၄ ဆုကိုလည်း ထည့်သွင်းပေးအပ်ခဲ့ကြောင်း သိ ရသည်။
ယခုနှစ်အမျိုးသားစာပေဆု တွင် ၀တ္ထုရှည်ဆု၊ ပြဇာတ်၊ လူငယ် စာပေ၊ ဘာသာပြန်(ရသ)၊ သုတပ ဒေသာ၊ (ရိုးရိုးသိပ္ပံ) စာပေဆုများပါ ၀င်လာခဲ့ခြင်းမရှိခဲ့ကြောင်း သိရ သည်။
HWA

No comments:

Post a Comment