Friday, December 2, 2016

ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ အတွက် အလှူငွေ ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသ နမ့်ပေါ်တံတား ရဲကင်းနှင့် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် တို့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ အတွက် အသင်းအဖွဲ့၊ ကုမ္ပဏီများမှ အလှူငွေ ပေးအပ်ပွဲကို နိုဝင်ဘာ ၃ဝ ရက် မွန်းတည့် ၁၂ နာရီက လားရှိုးမြို့ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။ အလှူငွေ ပေးအပ်ပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း၊ မြန်မာ ရတနာရွှေခေတ် ကုမ္ပဏီ၊ ဆင်နှစ်ကောင် ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီ၊ လားရှိုးမြို့ ရွှေကုန်သည်ကြီးများ အသင်းတို့မှ ထောက်ပံ့ငွေ ၁၄ သိန်းနှင့် Royal Heart သောက်ရေသန့် ကုမ္ပဏီမှ ရေသန့်ဘူး ၃ဝဝ တို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment