Thursday, December 1, 2016

ဆိုင်ကလုန်းမုန်တိုင်း နာဒါ အနောက်၊ အနောက်မြောက် သို့ ရွေ့လျာနိုင်၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသ အချို့တွင် နေရာကွက်ပြီး မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “နာဒါ”(Nada)သည် အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလား အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် ၂၂၅ မိုင်ခန့်၊ ပဒူချယ်ရီမြို့၏ အရှေ့ - အရှေ့တောင်ဘက် မိုင် ၂၁၀ ခန့်နှင့် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့မြောက်ဘက် ၁၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်း တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်‌တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက် ကျား မိုးအနည်းငယ်ရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါ သည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်ဟု မိုးဇလက ထုတ်ပြန် ထားသည်။

No comments:

Post a Comment