Friday, December 2, 2016

မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးနှင့် ရဲတပ်ဖွဲ့ရုံးတွင် လုံခြုံရေးတင်းကျပ်

လုံခြုံရေးတင်းကျပ် သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ရဲတပ်ဖွဲ့ရုံးတွင် လုံခြုံရေး အင်အားတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံးတွင် နိုဝင်ဘာ ၂၈ ရက်က စတင်ကာ လုံခြုံရေးအင် အားတိုးမြှင့်ချထားပြီး တိုင်းရဲတပ် ဖွဲ့မှူးရုံး၌ လူဝင်လူထွက်စစ်ဆေးခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီဒီယာသမားများကိုသာ ၀င်ထွက်သွား လာခွင့်ပြုထားကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ် ဦးက ပြောကြားသည်။ ‘‘တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ အ နောက်ဘက်အပေါက်ကို အ၀င် အထွက်ပြုလုပ်ခွင့်မပေးတော့ ဘူး။ ပိတ်ထားလိုက်ပြီ။ မီဒီယာနဲ့ တပ်ဖွဲ့ဝင်တွေပဲ အ၀င်အထွက် ပြုလုပ်ခွင့်ပေးထားတယ်။ အရင် လို ဧည့်တွေ့တာမျိုးတွေ မပေး တော့ဘူး။ အ၀င်အထွက်တွေမှာ လုံခြုံရေးကို သေချာစိစစ်နေ တယ်။
အစိုးရအဖွဲ့ရုံးမှာလည်း အရင်က နေရာတစ်နေရာမှ လုံ ခြုံရေးတစ်ယောက်လောက်ပဲ ထားတယ်ဆိုရင် အခုနှစ်ယောက် ထားတယ်။ လူစည်ကားတဲ့နေရာ တွေနဲ့ ရုံးဌာနအဆောက်အအုံ တွေမှာ လုံခြုံရေးကို အရင်က ထက် တင်းကျပ်ဆောင်ရွက်နေ တယ်’’ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲ အရာရှိက ပြောကြားသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာက အသေးစားပေါက်ကွဲမှုများ ဆက် တိုက်ဖြစ်ပွားပြီး လုံခြုံရေးတင်း ကျပ်သော ရန်ကုန်တိုင်းအစိုးရ ရုံးဝင်းအတွင်း ဖြစ်ပွားမှုကြောင့် မန္တလေးတိုင်းတွင် လုံခြုံရေးတင်း ကျပ်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့၏ အင်အားမှာ လေး ထောင်ကျော်ရှိနေပြီး ရဲတပ်ရင်း များ၏ အင်အားများကို ထုတ်နုတ် ၍ ပုံသေလုံခြုံရေးနှင့် တရားဥပ ဒေစိုးမိုးရေးအတွက် နယ်မြေရဲ တပ်ဖွဲ့စခန်းများတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
7 Day

No comments:

Post a Comment