Thursday, December 1, 2016

အာစင်ဝင်းဂါး အသင်းမှထွက်ခွာပါက ဂျာမန်ကလပ် လစ်ဇစ်နည်းပြဖြင့် အစားထိုးရန် စီစဉ်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အသင်းကထွက်ခွာမယ်ဆိုရင် ဘွန်ဒက်စ်လီဂါကလပ် လစ်ဇစ်နည်းပြ ဟာဆင်ဟက်တယ်နဲ့ အစားထိုးဖို့ အသင်းဘုတ်အဖွဲ့က စီစဉ်နေပါတယ်။ြ ပင်သစ်နည်းပြ အာစင်ဝင်းဂါးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာစင်ဝင်းဂါး အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်မယ်ဆိုရင် ဟာဆင်ဟက်တယ်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်ထားတာပါ။ နည်းပြ ဟာဆင်ဟက်တယ်ဟာ တန်းတက်လစ်ဇစ်အသင်းကို ၁၂ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်အောင် စွမ်းဆောင်ထားသူပါ။ အသက် ၄၉ နှစ်ရှိ ဟာဆင်ဟက်တယ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ အထိ အင်ဂိုလ်စတက်အသင်းမှာ နည်းပြခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ လစ်ဇစ်အသင်းဆီ ပြောင်းရွှေ့လာတာပါ။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်အသင်းတို့ကို ကျော်ဖြတ်ပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာက ဘိုင်ယန်မြူးနစ်ကို ၃ မှတ်ဖြတ်ကာ ဦးဆောင်နေတာဖြစ်ပါတယ်။

No comments:

Post a Comment