Thursday, December 1, 2016

ဥတ္တရခရိုင်အတွင်း ညအခါလှည့်ကင်းယာဉ်တန်းများဖြင့်(အထူး) ဆောင်ရွက်

နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်၏လမ်းညွှန် မှုဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဧရိယာအတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ မဖြစ်စေရေးအတွက် မှုခင်း ကြိုတင်ကာကွယ်ရေးအဖြစ် ညအခါလှည့်ကင်းယာဉ် တန်းများဖြင့်စုဖွဲ့၍ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ရဲတပ်ဖွဲ့၊ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီးလေးစိုး အနီးကပ်ကြီးကြပ်၍ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့မရဲစခန်းမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လုံခြုံရေးမီး တန်း ယာဉ်များဖြင့် နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီမှ ည ၁၂ နာရီ အထိ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၊ နေပြည်တော် ဘူတာကြီးလမ်း၊ မင်္ဂလာဈေး၊ Ocean Center ၊ ရာဇသင်္ဂဟ အိမ်ရာ (၁) (၂)၊ လွှတ်တော်ရှေ့၊ ဝဏ္ဏသိဒ္ဓိအဝိုင်း၊ ရွှေနံ့သာရပ်ကွက် အစရှိသည့် အချက်အချာကျသော လူသွား လူလာ၊ ယာဉ်အသွားအလာများသော နေရာများတွင် လှည့်ကင်းယာဉ် တန်းဖြင့် အုပ်စုဖွဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ MOI

No comments:

Post a Comment