Friday, December 2, 2016

ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့၌ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နိုဝင်ဘာ ၃၀ ရက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ မသင်္ကာသူ ၅ ဦး ဖမ်းဆီးရမိခဲ့သည်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ရသေ့တောင်မြို့နယ် ကံဆိပ်ကျေးရွာနေ အဒူလာအား နံနက် ၅ နာရီခွဲတွင်လည်းကောင်း၊ မောင်တောမြို့နယ် မောင်နှမ (တောင်) ကျေးရွာနေ ဇာဖော်ရာမောက် အပါအဝင် ၃ ဦးအား မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ဖားဝပ်ချောင်းကျေးရွာနေ ကာမာ အား ညနေ ၅ နာရီတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

No comments:

Post a Comment