Friday, December 2, 2016

ဒိန်းမတ်က မြန်မာကို ငါးနှစ်အတွင်း ဒေါ်လာသန်း ၇၀ ကူညီထောက်ပံ့မည်

ဒိန်းမတ်-မြန်မာနိုင်ငံ တော်စီမံကိန်းအဖြစ် လက်ရှိအစိုး ရသစ်လက်ထက်တွင် ဒိန်းမတ် နိုင်ငံက မြန်မာနိုင်ငံကို ငါးနှစ်အ တွင်း အမေရိကန်ဒေါ်လာ သန်း ၇၀ ကူညီထောက်ပံ့မည်ဖြစ် ကြောင်း ဒိန်းမတ်သံရုံးက ဒီဇင် ဘာ ၁ ရက်၌ သတင်းထုတ်ပြန် သည်။ အဆိုပါကူညီမှုတွင် မြန်မာ နိုင်ငံအစိုးရစနစ်ကို ဘဏ္ဍာရေး တိုက်ရိုက်ကူညီမှုအစီအစဉ်အပါ အဝင် စုစုပေါင်းအစီအစဉ်ခုနစ်ခု ရှိသည်ဟု ဒိန်းမတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘‘ဒိန်းမတ်က မြန်မာအစိုးရ ဘဏ္ဍာရေးစနစ်ကို ပထမဦးဆုံး တိုက်ရိုက်အကူအညီပေးအပ်တဲ့ ပထမဦးဆုံး မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ရတာ ဝမ်းသာပါတယ်။ အခု လို အစိုးရစနစ်အတွင်းကို ဆောင်ရွက်ပေးတာက မြန်မာအစိုးရ ယန္တရားစနစ်အားကောင်းလာစေ ဖို့ပါ’’ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက ပြောသည်။




ယခုကူညီသည့် အမေရိကန် ဒေါ်လာသန်း ၇၀ ဖြင့် မြန်မာနိုင်ငံ အတွင်း တရားဥပဒေစိုးမိုးရေး တွင် လူ့အခွင့်အရေးဆိုင်ရာ စွမ်း ဆောင်မှုများ မြှင့်တင်ပေးခြင်း၊ စွမ်းရည်မြင့် အခြေခံပညာရေးစ နစ်ကို ကလေးများရရှိမှုမြင့်မား စေခြင်း၊ ရေသယံဇာတကို ပြည် သူများ ပူးတွဲစီမံခန့်ခွဲခွင့်စတင်အ သုံးပြုနိုင်ရေး၊ အသေးစား၊ အ လတ်စားစီးပွားရေးလုပ်ငန်းတိုး တက်ပြီး အလုပ်အကိုင်ပိုမိုရရှိ လာစေရေး စသည်တို့ပါဝင် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဒိန်းမတ်-မြန်မာနိုင်ငံတော် စီမံကိန်းကို ၂၀၁၆-၂၀၂၀ အထိ ငါးနှစ်သတ်မှတ်ထားပြီး ယင်းအစီ အစဉ်ကို မြန်မာနိုင်ငံအတွင်းလူ ထုနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီး မှ ရေးဆွဲခြင်းဖြစ်သည်ဟု ဒိန်း မတ်သံရုံးက ဆိုသည်။ ထိုစီမံကိန်းတွင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အ ရေးနှင့် တရားဥပဒေစိုးမိုးမှုမြှင့် တင်ရေး၊ အရည်အသွေးပြည့်ဝ သည့် ပညာရေးစနစ်ရရှိရေးနှင့် တိုင်းရင်းသားဒေသများတွင် စား ဝတ်နေရေးတည်တံ့ခိုင်မြဲပြီး စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ် သည်။

 အဆိုပါသဘောတူညီချက် အတွက် ဒိန်းမတ်သံအမတ်နှင့် မြန် မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့ နေပြည်တော်တွင် လက်မှတ် ရေးထိုးခြင်းဖြစ်သည်။ ထွန်းထွန်းမင်း

No comments:

Post a Comment