Thursday, December 1, 2016

မြန်မာအသင်း သတိထားရမယ့် ထိုင်းကစားသမား ငါးဦး

အားလုံးသိထားကြတဲ့ အတိုင်း ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းဟာ အခက်ခဲဆုံး စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရပါတော့မယ်။ မြန်မာအသင်းဟာ ဆူဇူကီးဖလားလေးကြိမ်ရထားဖူးတဲ့ လက်ရှိချန်ပီယံ ထိုင်းကို အကြိုဗိုလ်လုပွဲအဆင့်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲကို နှစ်ကျော့ကစားရမှာဖြစ်ပြီး ပထမ အကျော့ကိုတော့ ဒီဇင်ဘာ ၄ ရက်၊ သုဝဏ္ဏကွင်းမှာကစားရမှာ ဖြစ်ပါတယ်။ ဒုတိယအကျော့ကိုတော့ နောက်ထပ်ေ လးရက်အကြာ၊ဘန်ကောက်က ရာဇမင်္ဂလာကွင်း ကြီးမှာ ယှဉ်ပြိုင်ရပါမယ်။ ထိုင်းအသင်းဟာ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ၊ အာရှဇုန်တတိယ အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လူစာရင်းကိုပဲ အခြေခံပြီး ဆူဇူကီး ပြိုင်ပွဲအတွက် စုဖွဲ့လာခဲ့ပါတယ်။ ဒဏ်ရာပြဿနာရှိနေသူ တချို့ လောက်ကိုသာ ချန်လှပ်ခဲ့တာပါ။ တစ်နည်းအားဖြင့် ထိုင်းနည်းပြ ကိုင်တီဆတ် ဆီနာမောင်အနေနဲ့ နိုင်ငံရဲ့ အကောင်းဆုံး၊ အတောင့် တင်းဆုံး အသင်းကို ရွေးချယ်စုစည်းလာတယ်လို့ ဆိုနိုင်ပါတယ်။



ထိုင်းဟာ ကမ္ဘာ့ဖလားခြေစစ် ပွဲမှာ ဒေသတွင်း ထိပ်သီးအသင်း ဩစတြေးလျကို နှစ်ဂိုးစီ သရေ ကစားထားပါတယ်။ စုဖွဲ့မှုအရ ထိုင်းအသင်းဟာ အာဆီယံ ပြိုင် ဘက်တွေထက် နည်းဗျူဟာပိုင်း ရော  ခြေစွမ်းအရပါ သာလွန်နေ တာကို ငြင်းမရပါဘူး။ ဆူဇူကီး ဖလား အုပ်စု(A)မှာလည်း သုံးပွဲစ လုံး အနိုင်ရလဒ်နဲ့ ရှုံးထွက်အဆင့် တက်လာတာ ဖြစ်ပါတယ်။မြန်မာ အနေနဲ့ အမှားအနည်းဆုံး၊ အ ကောင်းဆုံး အားထုတ်ယှဉ်ပြိုင်နိုင် မှသာ ဗိုလ်လုပွဲ အဆင့်ကို တက် လှမ်းဖို့ သေချာစေမှာပါ။

ထိုင်းနည်းပြ ကိုင်တီဆတ်က တော့ မြန်မာအသင်းဟာ ၁၂ နှစ် အကြာမှ ဆူဇူကီး အကြိုဗိုလ်လုပွဲ အဆင့်ကို ပထမဆုံးအကြိမ် ပြန် ရောက်လာတာ ဖြစ်ပေမယ့် ဘယ် တော့မှ လျှော့တွက်လို့မရတဲ့ ပြိုင် ဘက်မျိုးလို့ သုံးသပ်
ထားပါတယ်။ ‘‘ကျွန်တော်တို့အတွက် တကယ် ခက်တဲ့ ကိစ္စပါ။ မြန်မာအသင်းက ကြံ့ခိုင်မှုပြည့်ဝပြီး ကာယပိုင်း တောင့်တင်းအားကောင်းတယ်။ ပြီးတော့ ဝါရင့်တွေနဲ့ ၂၀၁၅၊ကမ္ဘာ့ လူငယ်ဖလားပြိုင်ပွဲဝင်သွေးသစ် တွေကို
ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ မြန်မာတိုက်စစ်က မြန်နှုန်း ကောင်းတယ်။ တောင်ပံတွေက အန္တရာယ်ပေးနိုင်တယ်။ အထူးသ ဖြင့် တိုက်စစ်မှူး အောင်သူကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လို ပါတယ်။ မြန်မာပရိသတ် အား ပေးပုံကလည်း သူတို့ကို အားရှိစေ တယ်’’လို့ ကိုင်တီဆတ်က ဆိုတယ်။

အုပ်စုသုံးပွဲမှာ ထိုင်းဟာ အင် ဒိုနီးရှားနဲ့ အဖွင့်ပွဲမှာ နှစ်ဂိုးခွင့်ပြုခဲ့ ရပေမယ့် စင်ကာပူ၊ ဖိလစ်ပိုင်တို့နဲ့ ပွဲတွေမှာ ဂိုးမပေးရဘဲ တစ်ဂိုးစီနဲ့ ကပ်နိုင်ခဲ့တယ်။ အုပ်စုပွဲစဉ်တွေအရ ထိုင်းဟာ သူတို့ရဲ့ ထုံးစံအတိုင်း ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ကစားနိုင်ခဲ့သလို မြန်နှုန်း တွေ၊ အဝေးကန်ချက်တွေက အ ထင်ကြီးလောက်စရာ အဆင့်မှာ ရှိနေပါတယ်။ တောင်ပံတွေရဲ့ တိုက်စစ်ပံ့ပိုးမှု ထိရောက်သလို ရှေ့တန်းက ကျောနံပါတ် (၁၀) ဝတ် အသင်းခေါင်းဆောင်ရဲ့ အ ဆုံးသတ် ပီပြင်မှုကိုလည်း အသိ အမှတ်ပြုရပါမယ်။ ဒါပေမဲ့ တောင် ပံခံစစ်သမားတွေ တိုက်စစ်ထိ လိုက်ပါပြီးရင် အချိန်မီ ပြန်ဆင်းဖို့ နှောင့်နှေးနေတတ်လို့ ထိုင်း နောက်တန်းကို အင်ဒိုက ခေါင်း တိုက်ပြီး နှစ်ဂိုးသွင်းသွားတာကို တွေ့ရပါတယ်။ စင်ကာပူနဲ့ ပွဲမှာ လည်း ပြိုင်ဘက်ရဲ့ အမြင့်ဘော အားပြု ထိုးဖောက်မှုတွေကို ထိုင်း ခံစစ်က ထိထိရောက်ရောက် မ ဟန့်တားနိုင်ခဲ့ဘူး။ ဒီအချက်ကို မြန်မာအသင်း အခွင့်အရေးယူနိုင် ခဲ့ရင် မျှော်လင့်ချက် ပိုအားကောင်း လာပါလိမ့်မယ်။

ထိုင်းအသင်းရဲ့ လက်ရှိ ကစားသမားတွေထဲမှာ မြန်မာအ သင်းအတွက် အခြိမ်းခြောက်နိုင် ဆုံး၊ သတိအထားသင့်ဆုံး ငါး ယောက်ကို ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။

တီရာဆီလ်ဒန်ဒါ ကျောနံပါတ် (၁၀)

ထိုင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီး အထောင်တိုက်စစ်နေရာ မှာ တာဝန်ယူ ကစားနေပါတယ်။ အုပ်စုပွဲစဉ်တွေမှာ အင်ဒိုဘက်ကို သုံးဂိုးသွင်းပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း ဘုရင်အဖြစ် ရပ်တည်နေတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဩစ တြေးလျကို သရေကျတော့လည်း နှစ်ဂိုးစလုံး သွင်းနိုင်ခဲ့သူပါ။ အရပ် ခြောက်ပေခန့်ရှိပြီး ခုန်အားကောင်းသလို ခေါင်းတိုက်ချက်တွေက နည်းစနစ်ပိုင်း ပိုင်နိုင်တယ်။ မြန်မာနောက်တန်းတွေ မျက်စိအောက် က အပျောက်မခံရလောက်အောင် ထိန်းရမယ့်သူမျိုးပါ။ လက်ရွေးစင် အတွက် ၃၇ ဂိုး သွင်းထားပြီး လက်ရှိ ထိုင်းအသင်းရဲ့ ဂိုးအများ ဆုံး စံချိန်ရှင်လည်းဖြစ်တယ်။


ဆာရာဝတ်မာဆွတ်ခ်ကျောနံပါတ် (၁၄)

ပါးနပ်ပြီး မြန်နှုန်းမြင့်လွန်းတဲ့ တောင်ပံတိုက်စစ်သမား ဖြစ်ပါ တယ်။ ဘယ်ခြမ်းကနေထိုးဖောက် လေ့ရှိပေမယ့် အချိန်မရွေး ပြိုင် ဘက် ဧရိယာထဲ ရောက်လာတတ် သူပါ။ တောင်ပံကစားသမား တစ် ယောက်ပေမယ့် ဖြတ်တင်ဘော တွေ ပေးပို့ဖို့ထက် ကိုယ်တိုင် ထိုး ဖောက်ဂိုးသွင်းဖို့ အားသန်ပါ တယ်။ အသင်းခေါင်းဆောင် တီ ရာဆီလ်ရဲ့ နောက်ကနေ အရိပ်လို ကပ် ပါလာတတ်တာကြောင့် မြန်မာ ခံစစ်ကို အာရုံများစေမယ့် သူပါ။ လူကျွံထောင်ချောက်တွေကို ကျော်ဖြတ်ရာမှာ ပါးနပ်ပြီး စင် ကာပူ၊ ဖိလစ်ပိုင်တို့ကို သူသွင်းခဲ့ တဲ့ တစ်ဂိုးစီကြောင့် ထိုင်းအသင်း ခြောက်မှတ်အပြည့် ရစေခဲ့ပါ တယ်။


ပီရာပတ် နော့ချိုင်ယာ ကျောနံပါတ် (၂)

အသက် (၂၃) နှစ်အရွယ် လူ ငယ်ဘယ်နောက်ခံလူပါ။ ဘယ် ခြမ်းကနေ တိုက်စစ်ကို အင်တိုက် အားတိုက် လိုက်ပါကစားလေ့ရှိ တယ်။ ထိုင်းအသင်းအတွက် ပြိုင် ပွဲရဲ့ အဖွင့်ဂိုးကို အင်ဒိုဘက် သွင်း ယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ ဘယ်ခြေနဲ့ကန်တင် ပေးတဲ့ အမြင့်ဘောတွေဟာ ထိ ရောက်မှုအားကောင်းပြီး အ ထောင်တိုက်စစ်မှူး တီရာဆီလ် စိတ်ကြိုက် ဖြစ်နေတတ်ပါတယ်။ တိုက်စစ်ကို အားသန်တဲ့အတွက် တစ်ခါတလေ သူ့ဘက်က ပေါက် ထွက်တတ်သလို မြန်နှုန်းမြင့် တောင်ပံတိုက်စစ်သမားတွေကို တားဆီးတဲ့အပိုင်းမှာ ရုန်းကန်ရ တတ်တာကိုတော့ တွေ့နိုင်ပါ တယ်။

ချန်သစ်ပ် ဆွန်ခရာဆင် ကျောနံပါတ် (၁၈)

စွယ်စုံရ ကွင်းလယ်တိုက်စစ် သမားတစ်ယောက်လို့ ယူဆနိုင်ပါ တယ်။ ဒါပေမဲ့ ဆူဇူကီးဖလားပြိုင် ပွဲဝင် ထိုင်းအသင်းမှာတော့ ညာ ခြမ်းတိုက်စစ်ကနေ အဓိကတာ ဝန်ယူ ထိုးဖောက်လေ့ရှိတယ်။ ဖြတ်တင်ဘောတွေ ကောင်းမွန်သ လို ကိုယ်တိုင် ဂိုးသွင်းနိုင်သူ တစ် ယောက်လည်း ဖြစ်ပါတယ်။ ကစား ပုံကတော့ ခေတ်ဟောင်းတောင်ပံ သမား ပိုဆန်ပြီး ဖြတ်တင်ဘော တွေကို အားပြုလေ့ရှိတယ်။ အုပ် စု ပွဲစဉ်တွေမှာ ညာတောင်ပံကနေ အတော်လေး လုပ်အားနှုန်း ကောင်းကောင်းနဲ့ မွှေနှောက်ခဲ့သ လို တိကျတဲ့ အဝေးဘော ပေးပို့မှု တွေနဲ့ တိုက်စစ်ကို အစပြု ဖော် ဆောင်ပြခဲ့ပါတယ်။

သီရာသောင်ဘွန်မာသန် ကျောနံပါတ် (၃)

တကယ်တော့ သီရာသောင် ဟာ ထိုင်းရဲ့ ပွဲထွက် ဘယ်နောက် ခံလူပါ။ ဒါပေမဲ့ ပီရာပတ် ဘယ် ခြမ်း ထွက်ကစားတဲ့ အချိန်တွေမှာ ညာတောင်ပံကို ပြောင်းကစား လေ့ရှိတယ်။ ဘောလုံးအမြင် စူးရှ သလို လက်ရှိ ထိုင်းအသင်း နောက် တန်းမှာ သွင်းဂိုးအများဆုံး ကစား သမားလည်းဖြစ်ပါတယ်။ စင်ကာပူ နဲ့ ပွဲတုန်းက ညာခြမ်းမှာ ချန်သစ်ပ် နဲ့ အချိတ်အဆက်မိမိ ကစားခဲ့သ လို သူ့ရဲ့ တောင်ပံဖြတ်တင်ဘော တွေကနေ ထိုင်းတိုက်စစ်ကို အ ကြိမ်ကြိမ် အစပြုပေးနိုင်ခဲ့တယ်။ ကွင်းလယ်ကိုပါ ဖြည့်ကစားနိုင်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တာ ကြောင့် မြန်မာရဲ့ တောင်ပံခံစစ် သမားတွေ နိုးနိုးကြားကြား စောင့် ကြည့်ရမယ့် ပြိုင်ဘက်တစ် ယောက် ဖြစ်ပါတယ်။ ဇွဲရဲဝင့်

No comments:

Post a Comment