Friday, December 2, 2016

လုပ်ငန်းခွင်အတွင်းမြေပြိုပိ၍ မြေအောက်၌ နစ်မြှပ်ခဲ့သော်လည်း အချိန်မှီကယ်ဆယ်နိုင်ခဲ့

မယ်​စဲ့မြို့နယ်​ နန့်​မန်း​ကျေးရွာ - ရွာ​ရှောင်​လမ်​ တံတား ဆောက်​လုပ်​​ရန်​အတွက်​​ မြေသားတူးဖော်​စဉ်​ မြေပြိုကျပြီးအလုပ်​သမားနှစ်ဦး မြေအောက်တွင် နစ်မြှပ်ခဲ့သော်လည်း အချိန်မှီကယ်ဆယ်နိုင်ခဲ့သည်။ြ ဖစ်​စဉ်​မှာ - ၂၉ - ၁၁ - ၂၀၁၆ ရက်​​နေ့ ၀၇၃၀ အချိန်​ မယ်​စဲ့မြို့နယ်​ နန့်​မန်း​ကျေးရွာ - ရွာ​ရှောင်​လမ်​ တံတား ဆောက်​လုပ်​​ရန်​အတွက်​​ လူအားဖြင့်​​မြေသားတူးဖော်​ခဲ့ရာ ​မြေပြိုကျပြီးအလုပ်​သမားများအနက်​ မိုးထိ​(ခေါ်) ရန်​မိုး​ကျော်​ဦးနှင့်​​ တော်​ရယ်​ဆိုသူတို့​ မြေပိနစ်​မြုပ်​ခဲ့ရာ မိုးထိမှာ ခါးအထိသာနစ်​မြုပ်​ခဲ့သဖြင့်​ အလုပ်​သမားများမှ တူး​ဖော်​ကယ်​ဆယ်​နိုင်​ခဲ့ပြီး ​တော်​ရယ်​ဆိုသူမှာ ​မြေ​အောက်​ထဲတွင်​ နစ်​မြုပ်​​နေခဲ့သည်​။ အဆိုပါဖြစ်​စဉ်​အား သတင်းရလျှင်​ရချင်း မယ်စဲ့မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးကျော်​မင်း၏ ညွှန်​ကြားချက်​အရ ရဲတကက မိုးလွင်​ပါ ရဲတပ်​ဖွဲ့ဝင်​(၅)ဦးတို့မှ ၀၈း၄၅ အချိန်​ အခင်းဖြစ်​​နေရာသို့သွား​ရောက်​ခဲ့ပြီး ၀၉း၀၅ အချိန်​​မြေပိနစ်​မြုပ်​​နေသူအားကယ်​ဆယ်​ရန်​​မြေများတူ​ဖော်​​နေစဉ်​ ၀၉၁၅ အချိန်​ မီးသတ်​ဦးစီးမှူး ဦးရာဇာထွန်းပါတပ်​ဖွဲ့ဝင်​(၁၀)ဦး​ ထပ်မံရာက်​ရှိလာသဖြင့်​ ပူး​ပေါင်း၍ ​အရေးပေါ်ကယ်​ဆယ်​​ရေး​လုပ်ဆောင်ခဲ့သည်​။ ၁၀း၃၅ အချိန်​တွင်​ ​တော်​ရယ်​၏ ဦး​ခေါင်းအားစတင်​​တွေ့ရှိခဲ့ပြီး အသက်​ပြင်းပြင်းရှုသံကြားရ၍ ​သေဆုံးမှုမရှိ​သေး​ကြောင်း​သိရှိရသဖြင့်​ ထပ်မံတူး​ဖော်​ခဲ့ရာ စတင်​တူး​ဖော်​ချိန်​မှ ၃ နာရီအကြာ ၁၂း၁၅ အချိန်​တွင်​ အသက်​ရှင်​လျှက်​ ကယ်​ဆယ်​နိုင်​ခဲ့ပြီး အသင့်​​ရောက်​ရှိ​နေ​သော လ/ထ ဆရာဝန်​​ဒေါက်​တာ ​ကောင်းမြတ်​သူနှင့်​သူနာပြုများမှ ​ရှေးဦးပြုစုမှုများပြုလုပ်​ကာ မယ်​စဲ့ပြည်​သူ့ဆေးရုံသို့ အတွင်းလူနာ(မစိုးရိမ်​ရ)အဖြင့်​​ ဆေးကုသမှုခံယူလျှက်​ရှိကြောင်း သိရသည်။

No comments:

Post a Comment