Friday, December 2, 2016

ရဲစခန်းနှင့် ငွေတိုက်ကိုကာကွယ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂၁ ကျော်ကို ရာထူးတိုးချီးမြှင့်

ကြူကုတ်(ပန်ဆိုင်း)ရဲစခန်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေကျပ် သန်း ၄၀၀ဝ ထားရှိသည့် ငွေတိုက်ကိုကာကွယ်နိုင်ခဲ့သော ကြူကုတ်(ပန်ဆိုင်း)ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်၂၁ ဦးကို တစ်ဆင့်မြင့်ရာထူးအသီးသီးသို့ တိုးမြှင့်ဂုဏ်ပြုလိုက်ကြောင်း သိရသည်။ နိုဝင်ဘာလ၂ဝရက်နေ့မှ၂၃ရက်နေ့အထိ အကြိမ်ကြိမ် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက လာရောက်တိုက်ခိုက်ခဲ့ခြင်းကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ရဲစခန်းထဲရှိ ငွေကျပ်သန်းပေါင်း၄၀၀ဝထားရှိသည့် ငွေတိုက်ကိုကာကွယ်နိုင်ခဲ့၍ ယင်းကဲ့သို့ ရာထူးတိုးချီးမြှင့်ခြင်းဖြစ်သည်။ြေ မာက်ပိုင်းမဟာမိတ်တပ်များကကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုးဖေါင်းဆိုင်ဒေသများကို ဝင်ရောက်တိုက်ခိုက်ခြင်း ပြုနိုင်သည်ကို ရဲတပ်ဖွဲ့ကကြိုတင်ပြင်ဆင်ထားပြီး ရဲစခန်းပတ်လည်တွင် နေရာ ၅ နေရာ၌ ကြိုတင်နေရာယူ လုံခြုံရေးချထားနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ၂ဝရက်နေ့ နံနက်က ကြူကုတ်(ပန်ဆိုင်း)ရဲစခန်းနှင့် မျက်နှာချင်းဆိုင်ရှိစာသင်ကျောင်းအတွင်းသို့ ပျောက်ကျား ယူနီဖေါင်းဝတ်ငါးဦးကကြိုတင်ရောက်ရှိခဲ့ပြီး နောက်အင်အား၂၀ဝခန့်ထပ်မံရောက်လာကာ ရဲစခန်းကိုပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။
မူဆယ်ခရိုင်ကြူကုတ် (ပန်ဆိုင်း)ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ခုနစ်ဦးကို ရဲအရာခံအဆင့်၊ ရဲတပ်ကြပ် လေးဦးကို တပ်ကြပ်ကြီးအဆင့်၊ဒုတပ်ကြပ် လေးဦးကို တပ်ကြပ်ကြီး အဆင့်သို့လည်းကောင်း ရဲတပ်သားလေးဦးကို ဒုတပ်ကြပ် အဆင့်သို့လည်းကောင်း နိုဝင်ဘာလ၃ဝရက်နေ့မှစ၍ ရာထူးတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကြူကုတ်(ပန်ဆိုင်း)မြို့သည် မူဆယ်မြို့မှ ၁၉ မိုင်ခန့်အကွာတွင်ရှိပြီး တရုတ်နိုင်ငံ ဝမ်တိန်မြို့နှင့် နယ်မြေခြင်းဆက်စပ်နေသည်။
Credit to;

No comments:

Post a Comment