Thursday, December 1, 2016

ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကေအိုင်အေ ပြန်လွှတ်ပေး

ကချင်လက်နက်ကိုင် အဖွဲ့ (KIA) က ဖမ်းဆီးခေါ်ဆောင် ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သည် နိုဝင်ဘာ ၂၉ ရက်ညနေတွင် ပြန်လည်လွတ်မြောက်လာ ကြောင်း နမ့်ဖက်ကာ ရဲကင်းစခန်း မှူး ရဲအုပ်မိုးကျော်က ပြောသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖက် ကာရဲကင်းစခန်းမှ ဒုရဲအုပ်မြင့် ဌေးနှင့် ရဲတပ်ကြပ် လင်းထက်တို့ သည် နိုဝင်ဘာ ၂၈ ရက်တွင် စတင်ပျောက်ဆုံးခဲ့သည်။ ‘‘မနေ့က ညနေ ၄ နာရီမှာ ပြန်ရောက်လာပါတယ်။ သူတို့ကို ဖမ်းတာက ကေအိုင်အေအဖွဲ့လို့ သိရပါတယ်။ ဘယ်လိုမှ ညှိနှိုင်းတာမရှိပါဘူး။ ဖမ်းဆီးခံရတဲ့ အချိန်မှာလည်း အနှိပ်စက်ခံရတာ လုံးဝမရှိပါဘူး။ အားလုံး ကောင်း ကောင်းမွန်မွန် ဆက်ဆံပါတယ်။ အေးရင်တောင် မီးသေချာဖိုပြီး တော့ မီးလှုံခိုင်းတယ်။ အစား အသောက် ဘာညာကအစ သေ ချာကျွေးမွေးဧည့်ခံတယ်။ ရဲတပ် ဖွဲ့ဝင်ဆိုတာ ဖမ်းပြီးမှသူတို့သိ တာပါ။ တရားခံ ရုံးအထုတ်သွား တာဆိုတော့ လက်ထိတ်နဲ့သံကြိုး ပါတော့ ရဲပဲဆိုတာသိတာပေါ့’’ဟု နမ့်ဖက်ကာ ရဲကင်းစခန်းမှူးက ပြောသည်။

ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် ရဲတပ်ဖွဲ့ ဝင်များကို ပုံမှန်တာဝန်များ ပြန် လည်ပေးအပ်ထားသည်ဟု နမ့် ဖက်ကာ ရဲကင်းစခန်းမှူးက ဆို သည်။
‘‘အခုလို ကိုယ့်တပ်ဖွဲ့ဝင် လွတ်လာတဲ့အတွက်ကြောင့် ဖမ်းသွားတယ်ဆိုတဲ့ အဖွဲ့အစည်းကို လည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်လူတွေကို ကောင်းကောင်း မွန်မွန်နဲ့ သေချာပြန်လွှတ်ပေး လိုက်တဲ့အတွက်ပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နမ့်ဖက်ကာ ရဲကင်းစခန်း က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး ထားသော ကွတ်ခိုင်မြို့နယ် မန် ပိန်းရွာနေ အသက် (၂၆)နှစ် အရွယ် ပလောင်တိုင်းရင်းသား အိုက်စံကို မူဆယ်ခရိုင် ကွတ်ခိုင် မြို့ တရားရုံးတွင် တရားစွဲတင်ပြီး ပြန်လာစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တရားခံတို့ ပျောက်ဆုံးခဲ့ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် မူဆယ်ရဲကင်း စခန်းမှူးက ရဲတပ်ဖွဲ့ဝင်နှစ်ဦးသာ အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ရုံးထုတ် လာသည့် တရားခံကို ကွတ်ခိုင် မြို့တွင် ထားခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့သည်။
ပျောက်ဆုံးရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြန်လည်ရောက်ရှိခြင်းနှင့်ပတ် သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော် မတီက သတင်းထုတ်ပြန်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် မူဆယ်မြို့နယ် တရားရုံးမှ နမ့်ဖက်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် နိုဝင်ဘာ ၂၈ ရက် ညနေ၌ နမ့်ကွက်ကျေးရွာသို့အရောက် KIA လက်နက်ကိုင် ၁၀ ဦးခန့်က လက်နက်များဖြင့်ချိန်၍ တားဆီးခဲ့ကာ ၎င်းတို့စခန်းချနေသည့် တောင်ကုန်းပေါ်သို့ ခေါ်သွားကြောင်း၊ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ လက်ကိုင်ဖုန်းနှစ်လုံးကို သိမ်းဆည်းကာ လွှတ် ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
7 Day

No comments:

Post a Comment