Thursday, December 1, 2016

"ငါးဖမ်းမှုဖြင့် ဖမ်းထားသည့် ဘဂါင်္လီများကို ဘင်္ဂလားဒေ့ရှ်က မြန်မာသို့ လွှဲပေး "

တရားမဝင် ငါးဖမ်းဆီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးထားသည့် ဘဂါင်္လီ ၉၁ ဦးကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်၊၊ အဆိုပါ ဘဂါင်္လီများကို နိုဝင်ဘာ ၃၀ ရက်က မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှ လက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းနေ့၌ပင် အငူမော်မှတဆင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း မောင်တောခရိုင်လဝကဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊ အဆိုပါ ဘဂါင်္လီများမှာ စစ်တွေမြို့ ၊သဲချောင်းနှင့် ဘောဒူဖ ကယ်ဆယ်ရေးစခန်းများမှဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊၊

No comments:

Post a Comment