Friday, December 2, 2016

ရှမ်းမြောက်တိုက်ပွဲများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးပြီး ငြိမ်းချမ်းရေးကိစ္စကို ထိခိုက်လာနိုင်ကြောင်း အရေးကြီးအဆို ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးမည်

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားနေသော မြန်မာ့တပ် မတော်နှင့် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ သည် တရားဥပဒေစိုးမိုးမှုနှင့်  နိုင်ငံတော်၏ အချုပ်အခြာအာ ဏာကိုထိပါးပြီး  ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ထိခိုက်လာနိုင်ကြောင်း အရေးကြီး အ ဆိုတစ်ရပ်ကို နိုဝင် ဘာလ ၂၉ ရက်နေ့က ပြုလုပ် သော ပြည်သူ့လွှတ်တော် အ စည်းအဝေးတွင်   ပြည်ခိုင်ဖြိုးပါတီ အမတ် မိတ္ထီလာမဲ ဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင် သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ကြောင်းသိ ရသည်။



ယခုလ ၂ဝ ရက်နေ့မှ စတင် ကာ ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်များဖြစ်သော သိန္နီ၊ ကွတ် ခိုင်၊ နမ့်ခမ်း ၊ နမ္မတူနှင့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA ၊ TLNA  ၊ AA ၊ MNDAA    ပူးပေါင်းအဖွဲ့များက ရည်ရွယ်ချက် ရှိရှိပစ်ခတ်၊ မိုင်းထောင်၊ ဖျက် ဆီး၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခ ရောက်ရခြင်းကိစ္စ များသည်   နိုင်ငံတော်အချုပ်အ ခြာအာဏာကို ထိပါးလာသည့် အတွက် ယခုကဲ့သို့ အရေးကြီး အဆို တင်သွင်းရခြင်းဖြစ်ကြောင်း ဒေါက်တာ   မောင်သင်းက ပြော သည်။

”နိုင်ငံတော်အနေနဲ့ အချုပ် အခြာအာဏာကို ထိပါးခံရတယ်၊ တရားဥပဒေစိုးမိုးမှုကို ထိခိုက် လာတယ်။ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း သွားတယ်။ စီးပွားရေး လုပ်ငန်းအချို့ ပျက်စီးသွားတယ် ဆိုတာကို တွေ့ရပါတယ်။ အမျိုး သား ရင်ကြားစေ့ရေးကို ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းစဉ် အရှိန်ကို နှောင့်နှေး စေမှုများဖြစ်ပေါ်လာမှာ ပြည်သူ များအနေနဲ့လည်း စိုးရိမ်နေပါ တယ်။ ဒါကြောင့် ဒီအဆိုကို တင် ရတာပါ” ဟု  ဒေါက်တာ မောင်သင်းက ပြောသည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့ မူဆယ်ရှိ ၁ဝ၅ မိုင် ကုန်သွယ်မှု ဇုန်ကို ဝင်ရောက်တိုက်ခိုက်ရာမှ စတင်ခဲ့သည့် ရှမ်းမြောက်တိုက်ပွဲ များသည် ယနေ့အထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

နောက်ဆုံးရရှိထားသော အ ချက်အလက်များအရ နိုဝင်ဘာ လ ၂၈ ရက်နေ့တွင်လည်း နံနက် ၂ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညဘက်တွင်လည်း မူဆယ်မြို့ တွင်း၌ ပေါက်ကွဲမှု ခြောက်ကြိမ် ခန့် ကြားရကြောင်း မူဆယ်မြို့ ဒေသခံ ကိုမျိုးက ဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် တင်ခဲ့ သည့် ဒေါက်တာမောင်သင်း၏ အဆိုကို   ပြည်ခိုင်ဖြိုးပါတီအမတ် သာစည်မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်း စိုးကထောက်ခံဆွေးနွေးခဲ့ပြီး ကန့် ကွက်သူ မရှိသဖြင့် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဆွေးနွေးလိုသော ကိုယ်စား လှယ်များအနေဖြင့် နိုဝင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး   ပြည်သူ့လွှတ်တော် ညွှန်ကြားရေး မှူးချုပ်ထံ အမည်စာရင်းပေးသွင်း ရမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါ တီမှ ကိုယ်စားလှယ်များ အရေး ကြီးအဆိုတင်သွင်းမှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအရေးအကြီး အဆိုဖြစ်သော သာစည်မဲဆန္ဒ နယ်မှ ဦးသန်းစိုး၏ အမေရိကန် နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို ပယ် ရှားစေရေးအတွက် ပြည် ထောင်စုအစိုးရက ကြိုးပမ်း ဆောင်ရွက်ရေး အရေးကြီးအဆို မှာမူ ကန့်ကွက်ခဲ့သဖြင့် လွှတ် တော်တွင်
ဆွေးနွေးခွင့် မရခဲ့ပေ။

No comments:

Post a Comment