Thursday, December 1, 2016

အင်းစိန်တွင် လျှောက်သွားနေသည့် ကလေးငယ်နှင့် အုပ်ထိန်းသူများ တွေ့ဆုံနိုင်ရေး ကြိုးပမ်း

အင်းစိန်မြို့နယ်ရှိ ဈေး ၀ယ်စင်တာ တစ်ခုအနီး အသက် (၃) နှစ်ကျော်အရွယ် မိန်းကလေးငယ် တစ်ဦးလျှောက်သွားနေ၍ အမျိုးသမီးတစ်ဦးက ခေါ်ယူ စောင့်ရှောက်ထားပြီး မိသားစုနှင့် အ ဆက်အသွယ်ရရန်ကြိုးပမ်းနေ ကြောင်းသတင်းရရှိသည်။ နိုဝင်ဘာ ၁၀ ရက် ညတွင် ကလေးငယ်တစ်ဦး အုပ်ထိန်းသူမပါဘဲ လျှောက်သွားနေပြီး လက်အတွင်း ကလေးဝတ်စုံ တစ်စုံပါသော အိတ်ဖြင့် စတွေ့ရကြောင်း ကလေးငယ်ကို စောင့်ရှောက်ထားသော အမျိုးသမီး၏ မိတ်ဆွေက ပြောသည်။ ‘‘ကလေးက ငယ်ပြီးတော့ စကားကို တိတိကျကျမပြောတတ် သေးဘူး။ လေယာဉ်ကိုမြင်ရင် တော့ ‘‘ဖေဖေဆိုပြီး ပြောတာမျိုး တွေရှိတယ်။ လူတော့မကြောက် တတ်ပါဘူး။ နာမည်မေးတာတော့ မရဘူး။ ရပ်ကွက်နဲ့ ရဲစခန်းကို တော့ အကြောင်းကြားထားပါ တယ်’’ဟု ကလေးကို ထိန်းသိမ်း ထားသည့် အမျိုးသမီး၏ အပြောဖြင့် ၎င်း၏ မိတ်ဆွေက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ကလေးငယ်ကို စတင်တွေ့ ရှိခဲ့သော အမျိုးသမီးမှာ နေအိမ် များတွင် အ၀တ်လိုက်လံလျှော် ဖွပ်သူဖြစ်ပြီး ကလေးမိဘနှင့် ဆွေမျိုးများသိရှိနိုင်ရန် မိတ်ဆွေအမျိုး သမီးတစ်ဦး၏ အကူအညီဖြင့် လူမှုကွန်ရက်တွင် တင်ကာမိသားစု နှင့် ပြန်တွေ့အောင်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကလေးငယ်ပုံတင်ခဲ့သော အမျိုးသမီးတစ်ဦးက ပြောသည်။
‘‘ဖုန်းတွေဆက်ပြီးမေးတဲ့သူ တွေတော့ အများကြီးပါ။ တချို့ ကလည်း ကလေးကချစ်စရာ ကောင်းတော့ မွေးစားချင်တယ်ဆို ပြီး တောင်းတဲ့သူတွေလည်းရှိပါ တယ်။ ဒီနေ့ (နိုဝင်ဘာ ၃၀ ရက်) မနက်ကတော့ ထားဝယ်က ဖုန်း ဆက်တယ်။ သူတို့ကလေးနဲ့ တူ တယ်လို့ ပြောပါတယ်။ အခုချိန်ထိ တော့ ရောက်မလာသေးပါဘူး’’ဟု လူမှုကွန်ရက်တွင် ပုံတင်ခဲ့သည့် အမျိုးသမီးက ပြောသည်။
ကလေးငယ်မိဘဆွေမျိုး များအနေဖြင့် မိသားစုဝင်ဖြစ် ကြောင်း သက်ဆိုင်ရာသို့ ခိုင်လုံ သော အထောက်အထားများနှင့် တကွ ဖုန်း ၀၉-၇၃၀၈၇၆၄၇၊ ၀၉-၂၆၄၈၅၇၇၇၃ သို့ ဆက်သွယ်နိုင် ကြောင်း ကြေညာထားသည်။
သို့သော် ထပ်မံရရှိသော သ တင်းများအရ ကလေးငယ်မှာ မိ သားစုနှင့် အဆက်အသွယ်ရရှိပြီ ဖြစ်ကြောင်း ကလေးငယ်သတင်း ကို ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့သော အမျိုးသမီးက’’ ကလေးအဘိုး အဘွားတွေ အရင်ရောက်လာ တယ်။ ပြီးတော့ ကလေးအမေ ရောက်လာပြီးခေါ်သွားတယ်လို့ ကျွန်မသိရတယ်။ ကျန်တာတော့ ကျွန်မလည်းမသိရသေးဘူး။ ကျွန် မ မိဘတွေပြောလို့ ကျွန်မလည်း သိရတာ။ အိမ်ပြန်ရောက်မှ အ ကြောင်းစုံကို ပြန်ပြီးဖုန်းဆက် ပြောပေးမယ်’’ဟု ပြောသည်။
‘‘ဒီကလေးပျောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲစခန်း ကို တရားဝင်လာရောက်အ ကြောင်းကြားထားတာတော့မရှိ သေးဘူး။ ကလေးကိုတော့ ဒီနေ့ မိဘတွေရှာဖွေတွေ့ရှိသွားတာ တော့ကြားရတယ်။ ဒီကိစ္စတွေကို ရပ်ကွက်လူကြီးနဲ့ သက်ဆိုင်ရာအ ဖွဲ့တွေက လုပ်ပေးလိုက်တယ်လို့ ကျွန်တော်တို့ သိရပါတယ်’’ဟု အင်းစိန်ရဲစခန်းမှ ရဲမှူးဝင်းသိန်း ကပြောသည်။
7Day Daily

No comments:

Post a Comment