Thursday, December 1, 2016

ဧရာဝတီမြစ်ကြောင်း ရေစီးရေလာကောင်းမွန်စေရေးသောင်တူးဖော်နေမှု ဖေဖော်ဝါရီလကုန်ပိုင်း ပြီးစီးမည်

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့တွင် ဧရာဝတီ မြစ်ကြောင်း ရေစီးရေလာကောင်းမွန် စေရေးအတွက် သောင်တူးဖော်နေ သည့်လုပ်ငန်းမှာ ဖေဖော်ဝါရီလကုန် ပိုင်းတွင် ပြီးစီးနိုင်ကြောင်း အထက် မြန်မာပြည် သောင်တူးဌာနခွဲမှ သိရ သည်။""ရေလမ်းပွင့်သွားရင် ကသာမြို့ လူထုရေသုံးစွဲရတာ သန့်ရှင်းသွား မယ်။ ရေ၀င်မှုရှိတဲ့အတွက် ရေစီး ရေလာကောင်းသွားမယ်။ ရေလမ်း ကြောင်းပွင့်သွားမယ်""ဟု အထက် မြန်မာပြည်သောင်တူးဌာန လက် ထောက်အင်ဂျင်နီယာ  ဦးကျော်သန်း ၀င်းက ပြောသည်။ အဆိုပါ သောင်များတူးဖော် ခြင်းကြောင့် မြစ်များရေလမ်းကြောင်း ကောင်း မွန်ပြီး မြို့ဆိပ်ကမ်းများ မ ပြောင်းရွှေ့ရဘဲ ရာသီမရွေးအသုံးပြု နိုင်စေရန်၊ မြို့ရွာများရေတိုက်စား ကမ်းပြိုမှုမှ ကာကွယ်ရန်၊ မြို့များအ လိုက် စိုးရိမ်ရေ မှတ်များ သတ်မှတ် ရာတွင်မှန်ကန်မှုရှိစေရန်အတွက် ပေါင်းစပ်ဆောင် ရွက်ရန်၊ မြစ်ရေအား သောက်သုံးရန်နှင့် စိုက်ပျိုးရေးအ ဖြစ်လည်း ရာသီမရွေးအသုံးချနိုင် စေရန် ညှိနှိုင်းဆောင်ရွက်ရန် အစ ရှိသည့် လုပ်ငန်းတာဝန်ရှစ်ရပ်ဖြင့် အောက်တိုဘာလကုန်မှစတင်ဆောင်  ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်အတွင်း သောင်တူးဖော်မှုကို သောင်တူးရေယာဉ် (ဗ ၆၀၁)ဖြင့်တူး
ဖော်လျက်ရှိကာ လက်ရှိအချိန်၌ အလျားပေ ၉၀၀ အထိ တူးဖော်ပြီး သည့်အတွက် လုပ်ငန်း၏(၁၈) ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။""ရေလမ်းကြောင်း ပွင့်သွား တော့ ရေအသုံးပြုရတာ ကမ်းနားနေသူတွေအတွက်သန့်ရှင်းအဆင်ပြေသွားပါတယ်။
ရေလမ်းကြောင်း ပိတ်နေရင် ရေကထွက်ပေါက်မရှိ တော့ အနံ့အသက်
မကောင်းဘူး။ ရေ ကြောင်းသွားလာတဲ့လူတွေလည်း လွယ်ကူအဆင်ပြေသွား
တာပေါ့""ဟု ရပ်ကွက်(၁) ကမ်းနားလမ်းနေ ဦးဌေး အောင်က ပြောသည်။
အဆိုပါ သောင်တူးဖော်ရေး လုပ်ငန်းစဉ်အဖြစ် ကသာမြစ်ကမ်း
ကျောက်တိုင်ဆိပ်မှ လေးထပ်ကျောင်း ဘုရားအနီး ကသာလှေဆိပ်၊ ရွှေဂူ ကြီးဘုရားဆိပ်၊ စက်ဝင်းဆိပ်၊ ဓမ္မာ ရုံဆိပ်၊ ကပ္ပလိပ်ဆိပ်၊ စေတီကုန်း ဆိပ်များအထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
NMHS (MMK)

No comments:

Post a Comment