Friday, December 2, 2016

မောင်တောမြို့နယ်ရှိ ရွာသားတစ်ဦး သေဆုံးမှုအတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်

ရခိုင်ပြည်နယ် မောင် တောမြို့နယ်ရှိ ငါးခူရကျေးရွာ သားတစ်ဦး သေနတ်ဖြင့် ပစ်သတ် ခံရခြင်းနှင့် ပတ်သက်၍ ရဲဒုတပ် ကြပ်တစ်ဦး အပါအ၀င် နယ်မြေခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကိုလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက နိုဝင် ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ငါးခူးရ ကျေးရွာရဲစခန်း တောင်ဘက် ၄ ဖာလုံအကွာတွင် လူတစ်ဦး သေနတ်ဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက နိုဝင် ဘာ ၂၈ရက် ညနေ၌ ငါးခူရနယ်မြေရဲစခန်းသို့ လာရောက်သတင်းပို့ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သေဆုံးသူသည် ငါးခူရကျေးရွာအုပ်စု တောင်ရွာနေ မိုဟာမက်အာနော့စ်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင်ပါရှိခဲ့သည်။



၎င်းသေဆုံးမှုနှင့် ပတ်သက် ၍ မျက်မြင်တွေ့ရှိသူများကို စိ စစ်ရာ မြို့သစ်ရဲကင်းစခန်းမှ ရဲဒုတပ်ကြပ် ဝေယံလင်းသည် ရွာလယ်လမ်းမရှိ ယာဆိန်း၏ ကွမ်း ယာဆိုင်အနီးတွင် ဆေးလိပ် သောက်နေခိုက် မျက်နှာချင်းဆိုင် လမ်းဘက်မှ ဖုန်းနှိပ်၍ လမ်း လျှောက်လာသည့် အမျိုးသား တစ်ဦးကို တွေ့ရသဖြင့် ဘင်္ဂါလီ စကားဖြင့် လှမ်းခေါ်ရာ ၎င်းက နောက်ပြန်လှည့် ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။

သေဆုံးမှုဖြစ်စဉ်နှင့် ပတ် သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက် ရေးအတွက် ရဲဒုတိယတပ်ကြပ်ဝေယံလင်း အပါအ၀င် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

No comments:

Post a Comment