Friday, December 2, 2016

ဆူဇူကီးဖလား အုပ်စုပွဲ အကောင်းဆုံး ၁၀ ဂိုးတွင် မြန်မာမှ ၃ ဂိုးပါဝင်

မြန်မာနဲ့ ဖိလစ်ပိုင်တို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား အုပ်စုတွင်းပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေထဲက အကောင်းဆုံး ၁၀ ဂိုး ရွေးချယ်ရာမှာ မြန်မာအသင်း ကစားသမားတွေ သွင်းယူခဲ့တဲ့ ၃ ဂိုးလည်း ပါဝင်ပါတယ်။ အကောင်းဆုံးဂိုး နံပါတ် ၄ အဖြစ် မြန်မာနဲ့ ဗီယက်နမ်ပွဲမှာ မြန်မာတိုက်စစ်မှူး အောင်သူရဲ့ ဗီယက်နမ်ဘက်ကို သွင်းယူခဲ့တဲ့ဂိုးကို သတ်မှတ်ခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ မလေးရှားတို့ပွဲမှာ မြန်မာနောက်တန်းကစားသမား ဒေးဗစ်ထန်း မလေးရှားဘက်ကို သွင်းယူခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးကိုတော့ နံပါတ် ၈ နေရာမှာ ဖော်ပြပါတယ်။ြ မန်မာအသင်းက ကမ္ဘောဒီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ မြန်မာနောက်ခံလူ ဇော်မင်းထွန်းရဲ့ ခေါင်းတိုက်ဂိုးသွင်းချက်ကတော့ နံပါတ် ၁၀ မှာ ဖော်ပြခံခဲ့ရပါတယ်။ အုပ်စုပွဲစဉ်တွေမှာ မြန်မာအသင်းဟာ ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment