Friday, December 2, 2016

ကိုဖီအာနန်နှင့် မတွေ့ဆုံရန် ရခိုင်လူမှုအဖွဲ့အစည်း ၇၀ကျော်ဆုံးဖြတ်

ကိုဖီအာနန်ခေါင်း ဆောင်သည့် ရခိုင်အကြံပေးကော် မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းမ ပြုလုပ်ရန် အဖွဲ့အစည်း ၇၀ကျော် ပါဝင်သော ရခိုင်လူမှုအဖွဲ့အ စည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ဥက္ကဋ္ဌမစ္စတာကိုဖီအာ နန်နှင့် ရခိုင်လူမှုအဖွဲ့အစည်းများ သည် ဒီဇင်ဘာ ၂ရက်တွင် စစ်တွေမြို့၌ တွေ့ဆုံရန်စီစဉ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းက ကိုဖီအာနန်၏ ပထမအကြိမ်ရခိုင်ပြည်နယ်ခရီးစဉ်အ တွင်း မြန်မာနိုင်ငံ၌ မရှိသည့်လူ မျိုးအမည်ကို တရားဝင်ရှိသည့်ပုံ စံသုံးနှုန်းသွားခြင်းကို ကန့်ကွက် ပြီး ယင်းအကြောင်းအရာကို ပြန် လည်မဖြေရှင်းသရွေ့ တွေ့ဆုံ ဆွေးနွေးခြင်းမပြုလုပ်ရန်ဆုံးဖြတ် ခဲ့ကြောင်း ကော်မတီနာယက ဦးသန်းထွန်းက ပြောသည်။

ထို့အပြင် ကိုဖီအာနန် ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိမည့် ဒီဇင်ဘာ ၃ရက်တွင် ဘူးသီးတောင်မြို့၌ ၎င်းကို ဆန္ဒဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်ကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးသို့ နိုဝင်ဘာ ၃၀ ရက်က ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့်ကိုဝင်းနိုင်က ပြော ကြားသည်။
အကြံပေး ကော်မရှင်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ် တော်ဆုံးဖြတ်ချက်ကို အလေးအ နက်ထားဆောင်ရွက်ရန်နှင့် ကိုဖီ အာနန်ဦးဆောင်သော အကြံပေး ကော်မရှင်အဖွဲ့ကို ဖျက်သိမ်းရန်ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုဝင်းနိုင်ကဆိုသည်။
မစ္စတာကိုဖီအာနန်သည် ဒီ ဇင်ဘာ ၂ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ် ပြီး ဒီဇင်ဘာ ၃ရက်၌ မောင် တော၊ ဘူးသီးတောင်နှင့် မြေပုံမြို့ များသို့ သွားရောက်ရန်စီစဉ်ထား ကာ ဒီဇင်ဘာ ၄ရက်တွင် မြောက် ဦးမြို့သို့ သွားရောက်မည်ဖြစ် သည်။
7 Day

No comments:

Post a Comment