Thursday, December 1, 2016

"ဆယ့်တစ်လအတွင်း အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၆၉၄ မှု ဖြစ်ပွား "

ယခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ ဆယ့်တစ်လအတွင်း ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုပေါင်း ၆၉၄ မှုရှိပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၄၉ ဦးရှိခဲ့ ကြောင်း သတင်းရရှိသည်။ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသည့် ယာဉ်များမှာ အိမ်စီးယာဉ်များဖြစ်ပြီး လိုက်ထရပ်ယာဉ်မှာ ဒုတိယအများဆုံးဖြစ် ကာ ခရီးသည်တင်ယာဉ်သည် အနည်းဆုံးဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစိုးမြင့်ဦးက ပြောသည်။ ‘‘ခုနောက်ပိုင်းယာဉ်မတော်တဆမှုဖြစ်တာနဲ့ ယာဉ်ကြောင့်ဖြစ်တာလား။ ဒါမှမဟုတ်လူကြောင့်လား လမ်းကြောင့်လားဆိုတာတွေ တစ်ခါထဲစစ်တယ်။ အမြန်နှုန်းနဲ့ မောင်းလို့ဖြစ်တာများလို့ ဖမ်းဆီးအရေးယူမှုတွေ လုပ်တယ်။ ခုနောက်ပိုင်းဖြစ်တဲ့ ဖြစ်စဉ်တွေမှာတော့ ယာဉ်ကြံ့ခိုင်မှုနည်းလို့ဖြစ်တာတွ များတယ်"ဟု ၄င်းရဲအရာရှိ က ပြောသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကို နေ့စဉ် ယာဉ်အစီးရေပေါင်း နှစ်သောင်းခွဲခန့် ဖြတ်သန်းမောင်းနှင် လျက်ရှိပြီး ကျောင်းပိတ်ရက်များတွင် အစီးရေ သုံးသောင်းကျော် နေ့စဉ်သွားလာနေကြောင်း သိရသည်။

No comments:

Post a Comment