Friday, December 2, 2016

လဖက်ရည် တစ်ခွက်လျှော့သောက်ခိုင်းခြင်းမဟုတ်ဟု ၀န်ကြီးငြင်းဆို

ဒီဇင်ဘာလ ၁ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သော လဖက်ရည် တစ်ခွက်လျှော့သောက်ခိုင်းခြင်းကိစ္စသည် ထင်မြင်မှုလွဲမှားနေခြင်းသာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောသည်။ “ တို့ဝန်ကြီးဌာနက တစ်ယောက်ကို သေချာပေါက် ငွေကျပ် သုံးရာစီ ထည့်အုံး၊ နေ့တိုင်းထည့်ရမယ့်ဟာ မဟုတ်ဘူး၊ တစ်ချို့လွဲမှားနေတာက လဖက်ရည်တစ်ခွက်လျှော့သောက်ခိုင်းတယ်လို့ ထင်နေပါတယ်၊ အခုပြောတာက လဖက်ရည်ဖိုးလောက်ထည့်ပါလို့ပဲပြောတာ လဖက်ရည်တစ်ခွက်လျှော့သောက်ခိုင်းတာ မဟုတ်ဘူး၊ ထမင်းတစ်နပ်လျှော့စားခိုင်းတာမဟုတ်ဘူး၊ ရေးချင်တဲ့သူက မျိုးစုံရေးတာ၊ မောင်ရင်တို့တောင်မှ သုံးရာ ထည့်လိုက်ရင် ဆည်ကြီးလှူတဲ့ထဲမှာ ပါသွားမယ်ဆိုတဲ့ သဘောမျိုးပါ ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဒီဇင်ဘာလ ၂ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး
အပြီးတွင် သတင်းထောက်များ အား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လဖက်ရည်တစ်ခွက်လျှော့သောက်ခိုင်းခြင်းမဟုတ်ဟု ၄င်းက ငြင်းဆိုခဲ့သည်။
လက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ၀န်ထမ်းပေါင်း ခြောက်သောင်းကျော်ရှိပြီး သိန်းနှစ်ရာလောက် ရရှိရန် မှန်းထားသည်ဟု
၎င်းက ဆိုသည်။
“ အခုလို သိန်း သုံး၊ လေးဆယ်လောက်နဲ့ ပြင်မယ့်နေရာမျိုးဆိုရင် ဘက်ဂျက်မရှိလို့ မပြင်နိုင်ဘူးဆိုရင် သွားပြီး ပြင်ပေးလို့ရမယ်၊ မျှဝေခြင်းအစီအစဉ်မှာတို့ဆီက ၀န်ထမ်းတွေက သိန်းနှစ်လောက် ထည့်တယ်ဆိုပေမဲ့
စက်ကိရိယာတွေကို အလကားသုံးလိုက်မှာ၊ အမှန်ပြောရရင် ကာလပေါက်ဈေးအရပြောရင် ၀န်ကြီးဌာနအနေနဲ့ မျှဝေခြင်းအစီအစဉ်ကို လုပ်လိုက်တာဟာ သိန်းနှစ်ရာတန်ပစ္စည်းဖြစ်မှာမဟုတ်ဘူး၊ တကယ်လက်တွေ့မှာ ကိုယ့်ဘာသာလုပ်မယ်ဆိုရင် သိန်းငါးရာတန်၊ ခြောက်ရာတန်ပစ္စည်းဖြစ်ချင်လည်းဖြစ်နိုင်တာပဲ” ဟု ဒေါက်တာအောင်သူက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များအားလုံးကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် မျှဝေခြင်းအစီအစဉ်ပြုလုပ်နိုင် ပြီး ထိုအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဟု အကြံပြုထားကြောင်း ၄င်းက ဆိုသည်။
“ ဒီအစီအစဉ်ကို ကြားလို့ ဒီမနက် လွှတ်တော်ကို မလာခင်အချိန်မှာပဲ
ပိုက်ဆံချမ်းသာသူတစ်ဦးက ငွေကျပ် သိန်းတစ်ထောင် ထည့်မယ်လို့ ပြောပါတယ်၊ ဒါက အလွန်ဝမ်းသာစရာကောင်းပါတယ် ” ဟု ပြည်ထောင်စုဝန် ကြီးက
ပြောသည်။စိုင်းလမင်း

No comments:

Post a Comment