Friday, December 2, 2016

"တပ်ချုပ်ကို အသရေပျက်စေသော စာသားများရေးသားခဲ့သည့် ဦးမျိုးရန်နောင်သိမ်းအား ငါးကြိမ်မြောက်ရုံးထုတ်"

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအား အာမခံပေးရန် အနောက်ပိုင်းခရိုင်တရားရုံးတွင် လျှောက်ထားမှုကို လာမည့် ဒီဇင်ဘာ ၇ ရက်တွင် ခရိုင်တရားသူကြီးက ကြားနာမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ်တရားသူကြီးက ပြောသည်။ ယနေ့ (ဒီဇင်ဘာ၂ ရက်) တွင် ဦးမျိုးရန်နောင်သိမ်းအား ကမာရွတ်မြို့နယ်တရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ ဦးမျိုးရန်နောင်သိမ်း၏ အမှုတွဲသည် ခရိုင်တရားရုံးသို့ ရောက်ရှိနေသောကြောင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ ခရိုင်တရားသူကြီးက အာမခံပေး၊ မပေး အမိန့်ချပြီးမှသာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ်တရားသူကြီးက ပြောသည်။ ဦးမျိုးရန်နောင်သိမ်းကို လာမည့် ဒီဇင်ဘာ ၉ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်။ ဦးမျိုးရန်နောင်သိမ်းသည် အောက်တိုဘာ ၁၄ ရက်တွင် ရခိုင်အရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက်စေသော စာသားများ ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်ဆိုသောစွဲချက်ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment