Friday, December 2, 2016

တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်တစ်လျှောက် ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီခွဲတွင် မသင်္ကာဖွယ်လှေ နှစ် စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ၍ ခေါ်ရာ လာရောက်ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ၁၀ ချက် ခန့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့သည်။ အဆိုပါ လောင်းလှေများပေါ်မှ တစ်ဘက်နိုင်ငံသို့ တရားမဝင် ခိုးထွက်သူ ၅၆ ဦးနှင့်အတူ ဒဗလျူဝိုင် စာတန်းပါ ဆေးပြား ၁၀၀၀၀ ပြား ခန့်တို့အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား ခေတ္တထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment