Friday, December 2, 2016

"အကယ်ဒမီဆု အကဲဖြတ်ပေးတဲ့သူတွေကို မျက်နှာထောက်ထားဖို့ လူမင်းပြော"

နှစ်စဉ် ကျင်းပနေတဲ့ အနုပညာရှင်များရဲ့ အကယ်ဒမီ ဆုပေးပွဲတွေမှာ အနုပညာရှင်တွေ အချင်းချင်း နားလည်မှု လွဲနေတာတွေအတွက် အကဲဖြတ်ပေးတဲ့ ပညာရှင်မျက်နှာတွေကို ထောက်ထားစေချင်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။ ဒီနှစ်အတွက် အကယ်ဒမီဆုပေးပွဲကိုတောာ့ လာမယ့် မတ်လ တတိယ အပတ်ထဲမှာ ကျင်းပဖို့ လျာထားပြီး စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ပြန်လည်ပြောင်းလဲ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဒီဇင်ဘာလကုန်အထိ ဇာတ်ကားတွေကို ထည့်သွင်း စိစစ်သွားဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။

No comments:

Post a Comment