Thursday, December 1, 2016

ကုလားတန်မြစ်စီမံကိန်းပြီးပါက ပလက်ဝမြို့နယ် တိုးတက်မည်ဟု ဒုသမ္မတသဝဏ်လွှာပို့

ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ကုလားတန်မြစ်စီမံ ကိန်းပြီးဆုံးပါက ပညာရေး၊ ကျန်း မာရေးစသည့် ကဏ္ဍအားလုံး ကောင်းမွန်တိုးတက်မည်ဟု ချင်း လူမျိုး ဒုသမ္မတ ဦးဟင်နရီဗန်ထီး ယူက သဝဏ်လွှာပေးပို့ခဲ့သည်။ ‘‘ယခုအခါ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဆောင်ရွက်သည့် ကုလားတန်မြစ် ပြီးစီးပါက လမ်းပန်းဆက်သွယ် ရေးပိုမိုကောင်းမွန်လာပြီး ပညာ ရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခွင့်အလမ်းများပိုမိုကောင်းမွန် လာမည်ဖြစ်ပါသည်’’ဟု ပလက်ဝမြို့တည်သက်နှစ်ပေါင်း ၁၄၀ ပြည့်အခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဒုသမ္မတ ပေးပို့သော သဝဏ်လွှာ ကို ဖတ်ကြားခဲ့သည်။ ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆာဆုကလည်း လမ်း ပန်းဆက်သွယ်ရေးမကောင်းသ ဖြင့် ပညာရေး၊ ကျန်းမာရေးစ သည့် ကဏ္ဍအသီးသီးတွင် နိမ့်ကျ နေမှုများကို ကူညီပေးစေလို ကြောင်း မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။ ထိုအခမ်းအနား ကို ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ချင်းဒေသခံလူထု စုစုပေါင်း ၁,၅၀၀ ကျော် တက်ရောက်ခဲ့သည်။




‘‘ရောဂါအသည်းအသန်ဖြစ် ရင် ဆေးရုံရှိလည်း ဆရာဝန်တွေ မရှိဘူး။ စစ်တွေကို သွားရတယ်။ သုံးလေးသောင်းကုန်မယ့်နေရာ မှာ သုံးလေးသိန်းကုန်တယ်’’ဟု ပလက်ဝဒေသခံ ခူးမီးမျိုးနွယ်စု ဝင် ဦးအောင်စိန်က ပြောသည်။

လူဦးရေ ၉၈,၁၆၈ ရှိသည့် ပလက်ဝမြို့နယ်တွင် ခုတင် ၅၀ ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ နှစ်ရုံတွင် ဆရာဝန်သုံးဦးရှိပြီး လက်ထောက် ကျန်းမာရေးမှူး သူနာပြု ၂၃ ဦး၊ သားဖွားဆရာမ ၄၅ ဦးရှိကြောင်း သိရသည်။

ချင်းပြည်နယ်၏မြို့နယ် ကိုး မြို့ထဲတွင် ပလက်ဝမြို့နယ်သည် အဆင်းရဲဆုံးဖြစ်သည်။ ချင်းပြည်နယ်သည်လည်း မြန်မာပြည်၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အဆင်းရဲဆုံးဖြစ်သည်။ ခင်မို့မို့လွင်

No comments:

Post a Comment