Friday, December 2, 2016

အစိုးရဘတ်ဂျက်မျှဝေသုံးစွဲနိုင်ရန် ဝန်ကြီးဌာနများလက်ဖက်ရည်လျော့ သောက်ကြမည်

နိုင်ငံတော်က ဘဏ္ဍာငွေသုံးစွဲနိုင်မှုနည်းပါးနေသောကြောင့်  အစိုးရအနေဖြင့် ဆောင်ရွက်ရန်မတတ်နိုင်သော နေရာများအတွက်  လက်ဖက်ရည်တစ်ခွက်လျှော့သောက်မည့် မျှဝေခြင်းအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် တိုင်ပင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ​ပြောသည်​။ "အ​ေ​ကာင္အထည္မ​ေ​​ဖာ္​ေ​​ဆာင္ရသေးတဲ့ အစီအစဉ်​တစ်​ခုရှိပါတယ်​  ။နိုင်​ငံ​တော်​ရဲ့ဘတ်​ဂျက်​ဟာ လုံ​လောက်​မှု့မရှိပါဘူး ။ဒါ​ပေမဲ့ လူတစ်​​ယောက်​ လက်​ဖက်​ရည်​တစ်​ခွက်​​လျှော့​သောက်​ရင်​ ဘတ်​ဂျက်ကိုမျှ​ဝေသုံးစွဲနိုင်​မှာပါ ။ လက်ဖက်ရည်တစ်ခွက်လျှော့သောက်တဲ့အစီအစဉ်ကိုကျွန်​​တော်​တို့ ဝန်​ကြီးဌာနက​နေစတင်​ လုပ်​​ဆောင်​​နေပါပြီ ။လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့လည်း တိုင်​ပင်​ထားပါတယ်​"ဟု ​ဒေါက်​တာ​အောင်​သူက​ပြောသည်​။ ကျေးလက်ဒေသများတွင် လမ်းတံတားများ တည်ဆောက်ပေးရန်  လွှတ်တော်ကိုယ်စားလှယ်များ၏တင်ပြတောင်းဆိုခြင်းကို ပြန် လည်ဖြေကြားရင်း၎င်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ စိုင်းလမင်း

No comments:

Post a Comment