Friday, December 2, 2016

ရန်ကုန် ရှိ တံတားကြီး ၉ စင်း အခမဲ့ဖြတ်သန်းသွားလာနိုင်တော့မည်

လာမယ့် ၂၀၁၇ ခုနှစ် ၊ ဧပြီလ ၁ ရက်နေ့ ကနေစပြီး တံတားဖြတ် သန်းသွားလာခကောက်ခံနေမှုများကို ရပ်ဆိုင်းသွားတော့မှာ ဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။ ရန်​ကုန်​မြို့ ၊ ကုန်​သည်​များနှင့်​ စက်​မှုလက်​မှုလုပ်​ငန်းရှင်​များအသင်းချုပ်​မှာ  ဒီကနေ့ ပြုလုပ်တဲ့ 'နိုင်ငံတော်ဒုတိယသမ္မတဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ ဆုံပွဲ'' မှာရန်ကုန်ဝန်ကြီးချုပ်ကပြောဆို လိုက်တာပါ။ '' ရန်ကုန်မှာ တံတားကြီး ၉ စင်းရှိပါတယ် ဒီတံတား ၉ စင်းလုံးကို  လာမယ့်ဧပြီလကနေစပြီး ငွေကြေးကောက်ခံတော့မှာ မဟုတ်ပါဘူး ''  လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။ ဒါပေမဲ့ ဖြတ်သန်းသွားလာမယ့် ကားတွေကိုတော့ အာဆီယံစံချိန်စံ  ညွှန်းများနဲ့ ကိုက်ညီအောင် ထိထိရောက်ရောက်အရေးယူဆောင်ရွက် မှာကြောင်းသူကဆက်ပြောပါတယ်။ ဖြိုးထက်အောင်

No comments:

Post a Comment