Friday, December 2, 2016

အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး စီစဉ်

လာမယ့် ၂၀၁၈ ခုနှစ်မှာကျင်းမယ့် ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းစီစဉ်ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောဆို လိုက်ပါတယ်။ စာသင်ကျောင်းတွေမှာ အားကစားကွင်းတွေ ကိုယ်စီဖန်တီးပေးနိုင်ခြင်းရှိ/မရှိ၊ အားကစား အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေနဲ့ အားကစားနည်းတမျိုးမျိုးကို သင်ကြား ပေးနိုင်ဖို့ အစီအစဉ်ရှိ/မရှိနဲ့ အရင်လို ကျောင်းတွင်းအားကစားပွဲတွေ၊ ကျောင်းသား အားကစားပွဲတော်တွေ၊ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေ ကျင်းပပေးဖို့နဲ့ ပတ်သက်တဲ့မေးခွန်းကို ဖြေကြားရာမှာပြောဆိုသွားတာပါ။ “၂ နှစ်တကြိမ်ကျင်းပတဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games)တွေမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသလို အခြားနိုင်ငံများက ဖိတ်ကြားတဲ့ အားကစား ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းစီစဉ်နေပါတယ်”လို့ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဆိုပါတယ်။ ဒါ့အပြင် အားကစားတက္ကသိုလ် တခုကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်မှာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာစပြီးဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။  ကျော်ဇေယျာဝင်း

No comments:

Post a Comment