Thursday, December 1, 2016

ငါးခူရကျေးရွာသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးဖြစ်စဉ် အမှန် ပေါ် ပေါက်ရေး အရေးယူဆောင်ရွက်လျက်ရှိ

အကြမ်းဖက်မှုတွင်ပါဝင်သူ မောင်တောမြို့နယ်၊ ရွှေဇားအလယ်ရွာနေ နုရ်လာမိန် ၃၀ နှစ်အား နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မြို့မဈေးကြီးအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ငါးခူရကျေးရွာရဲစခန်း၏ တောင်ဘက် ၄ ဖာလုံအကွာတွင် လူတစ်ဦး သေနတ်ဒဏ်ရာဖြင့် မှောက်လျက်သေဆုံးလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးက ၎င်းနေ့ ည ၆ နာရီ မိနစ် ၅၀ တွင် ငါးခူရနယ်မြေရဲစခန်းသို့ လာ ရောက် သတင်းပို့ခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက် ခဲ့သည်။ြ ဖစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ငါးခူရကျေးရွာအုပ်စု၊ ဘာင်ရွာ နေ မိုဟာမတ်အာနော့စ်ဖြစ်ပြီး ၎င်းင်းသေဆုံးမှုနှင့် ပတ်သက်၍ မျက်မြင် တွေ့ရှိ သူ များအား စိစစ်ခဲ့ရာ မြို့သစ်ရဲကင်းစခန်းမှ ရဲဒုတိယတပ်ကြပ် ဝေယံလင်းသည် ရွာလယ်လမ်းမရှိ ယာဆိန်း၏ ကွမ်းယာဆိုင်အနီးတွင် ဆေးလိပ်သောက်နေစဉ် မျက်နှာချင်းဆိုင်လမ်းဘက်မှ ဖုန်းနှိပ်၍လမ်း လျှောက် လာသည့် အမျိုးသားတစ်ဦးအားတွေ့ရသဖြင့် ဘင်္ဂါလီ စကားဖြင့် လှမ်းခေါ်ခဲ့ရာ ၎င်းမှာ နောက်ပြန်လှည့်ထွက်ပြေးသွားခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ေ သဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ရဲဒုတိယ တပ်ကြပ် ဝေယံလင်းအပါအ၀င် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ မြ၀တီ

No comments:

Post a Comment