Thursday, December 1, 2016

ရွှေရောင်အိမ်မက်အတွက် ချန်ပီယံကို ဖြတ်ကျော်ရမည့်အချိန်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ၁၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအကြို ဗိုလ်လုပွဲအိပ်မက်ကို အသက်သွင်း  နိုင်ခဲ့ပြီးနောက် နောက်ထပ်ဖြတ်ကျော်ရမည့် အတားအဆီးတစ်ခုသည် အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံနေသည့် လက်ရှိ ချန်ပီယံထိုင်းအသင်းကို မည်သို့ ရင်ဆိုင်အနိုင်ယူမည်လဲဆိုသည့် ပုစ္ဆာပင်ဖြစ်သည်။ (၁၁)ကြိမ်မြောက် ဆူဇူကီး ဖလားပြိုင်ပွဲအုပ်စု(ခ) နောက်ဆုံး ပွဲတွင် မြန်မာအသင်းက မလေး ရှားအသင်းကို ဒေးဗစ်ထန်း၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ယူ၍ အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲ အဆင့်သို့ ပြိုင်ပွဲတစ်လျှောက် ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့ ခြင်းဖြစ်သည်။ အကြိုဗိုလ်လုပွဲတွင် မြန်မာ အသင်းရင်ဆိုင်ရမည့် လက်ရှိချန် ပီယံထိုင်းအသင်းသည် ဆူဇူကီး ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုလေးကြိမ်နှင့် ဒုတိယဆုသုံးကြိမ် ဆွတ်ခူးထားကာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲ၌ လည်း ထပ်မံဗိုလ်စွဲရန် ရေပန်းအ စားဆုံးအသင်းဖြစ်သည်။


ထိုင်းအသင်းသည် ပွဲထွက် ကစားသမား ၁၁ ဦးအပြင် အရန်အင်အားတောင့်တင်းသည့် အသင်းလည်းဖြစ်ရာ မြန်မာအသင်း အနေဖြင့် အာဆီယံထိပ်သီးအသင်း ကို ကျော်ဖြတ်ရန် ခက်ခဲမည်ဖြစ် သော်လည်း မလေးရှား
အသင်းနှင့် ပွဲတွင် ခြေစွမ်းပိုင်းကို ပိုကောင်းအောင်စွမ်းဆောင်နိုင်ပါက အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာဘောလုံးကျွမ်း ကျင်သူများကသုံးသပ်သည်။

‘‘ထိုင်းက မြန်မာထက်သာ တာ အမှန်ပါပဲ။ ကျွန်တော်တို့ လည်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အိမ်ကွင်း၊ အဝေးကွင်းစနစ်ကြောင့် မြန်မာ အသင်းမှာလည်း အခွင့်အရေးရှိ နေပါတယ်။ ပထမအကျော့မှာ အိမ်ကွင်းအားသာချက်နဲ့ သရေ (သို့မဟုတ်) အနိုင်ကစားဖို့ လိုအပ် တယ်။ ဒါဆို ဒုတိယအကျော့မှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်မယ်’’  ဟု လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းက ပြောသည်။

ထိုင်းအသင်းသည် ဖိလစ်ပိုင် နိုင်ငံက လက်ခံကျင်းပသည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲအုပ်စု(က) တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ကျရောက်ပြီး အုပ်စုပွဲစဉ်အားလုံးကို အနိုင်ယူ ကာ အုပ်စုပထမနေရာဖြင့် အကြို ဗိုလ်လုပွဲအဆင့်သို့ တက်ရောက် လာခြင်းဖြစ်သည်။

‘‘ထိုင်းနဲ့ ပွဲမှာ ဂိုးရဖို့အတွက် နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေလုပ် ရမယ်။ ဂိုးရရှိဖို့ ဖော်မြူလာရေးဆွဲ ထားရမယ်။ အဓိက ဂိုးရနိုင်တာ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘော ကနေ ဂိုးရနိုင်တယ်။ ဂိုးရဖို့အတွက် တိုက်စစ်ဖွင့် ကစားဖို့ လိုတယ်။ ဂိုး ရခဲ့ရင် ဒီဂိုးကို ထိန်းထားရမယ်။ အခု မြန်မာအသင်းရခဲ့တဲ့ ဂိုးတွေ ကို ပြန်ကြည့်မယ်ဆိုရင် ဂိုးရဖို့အ တွက် နည်းစနစ်နဲ့ သေချာပြင်ဆင် ထားတာ မဟုတ်ဘူး။ မထင်မှတ် ဘဲနဲ့ ဂိုးတွေရခဲ့တာ’’ဟု ဆူဇူကီး ပြိုင်ပွဲ အုပ်စု(ခ)၏နည်းစနစ်လေ့ လာရေးအဖွဲ့ခေါင်းဆောင် ဦးဝင်း သူမိုးက ပြောသည်။

နည်းပြချုပ် ကိုင်တီဆက်ကိုင်တွယ်နေသည့် ထိုင်းအသင်းသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီက ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲအဆင့်၌ အာရှအင်အားကြီး ဂျပန်၊ သြစတြေးလျ၊ ဆော်ဒီ၊ ယူအေအီး၊ အီရတ် စသည့် အသင်းများနှင့်
ခြေ စစ်ပွဲငါးပွဲ ကစားထားသည်။

ထိုင်းအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ခြေစစ်ပွဲငါးပွဲ ယှဉ်ပြိုင်အပြီး လေးပွဲရှုံး၊ တစ်ပွဲ သရေကျထားကာ ရလဒ်ပိုင်းအား ရစရာ မရှိသော်လည်း မတူညီ သော အာရှအင်အားကြီးများနှင့် ရင်ဆိုင်ကစား ထားရခြင်းကြောင့်
ခြေစွမ်းနှင့် အတွေ့အကြုံပိုင်းက မြန်မာထက်သာလွန်နေသည်မှာ အသေအချာဖြစ်သည်။

‘‘မြန်မာနဲ့ ထိုင်းက အဆင့် တစ်ခုကွာနေပါတယ်။ ဘာပဲဖြစ် ဖြစ် ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်တဲ့ သာဓကတွေလည်း ရှိ ထားပါတယ်’’ဟု မလေးရှားနည်း ပြ အွန်ကင်ဆွီးက မြန်မာနှင့်ထိုင်း အကြိုဗိုလ်လုပွဲစဉ်အပေါ် ၎င်း၏အမြင်ကို ပြောသည်။

အလားတူ မြန်မာနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကလည်း အကြို ဗိုလ်လုပွဲစဉ်တွင် ထိုင်းအသင်းကို ကျော်ဖြတ်နိုင်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်သော်လည်း လက်ရှိ ဘောလုံးအဆင့်အတန်းအရ ပရိသတ်များအနေဖြင့် ထိုင်း
အသင်းနှင့် ပွဲစဉ်ကို မျှော်လင့်ချက် ကြီးကြီးမားမားမထားရန် တိုက် တွန်းထားသည်။

‘‘ကျွန်တော်တို့ ထိုင်းကို ရပ် တန့်ဖို့ ကြိုးစားရပါမယ်။ အုပ်စုအ ဆင့်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါ ပြီ။ ဒီအဆင့်မှာတော့ ဘယ်အ သင်းနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်သွားရမှာ ပါ။

  ပရော်ဖက်ရှင်နယ်ဆန်ဆန် ကြိုးစားကစားသွားမယ်။ ဒါပေမဲ့ ပရိသတ်တွေအနေနဲ့ အများကြီး မျှော်လင့်မထားဖို့ တောင်းဆိုချင် ပါတယ်’’ ဟု ဂတ်ဖရိုင်းဒရစ်က ပြောသည်။

မြန်မာအသင်းသည် အာဆီ ယံဆူဇူကီးပြိုင်ပွဲ တစ်လျှောက် တွင် ထိုင်းအသင်းနှင့် ခြောက်ကြိမ် တွေ့ဆုံဖူးပြီး နိုင်ပွဲမရခဲ့ဘဲ သုံးပွဲ ရှုံး၊ သုံးပွဲသရေကျထားသည်။ မြန် မာနှင့် ထိုင်းအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ၂၀၁၄ ဆူဇူကီး ဖလားအုပ်စုအဆင့်တွင် ဖြစ်ပြီး ထိုင်းအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဂတ်ဖရိုင်းဒရစ်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြအ  ဖြစ် တာဝန်မယူမီ မြန်မာယူ-၁၉ အသင်းကို ကိုင်တွယ်ခဲ့ရာ ထိုစဉ် က ထိုင်းအသင်းနှင့် လေးကြိမ် တွေ့ဆုံယှဉ်ပြိုင်မှုတွင် သုံးပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်၍ ၎င်းအတွက် စိတ်ဓာတ်ပိုင်း အသာစီး ရယူထားနိုင်သည်။

သို့သော် ယခုတစ်ကြိမ် ထိပ် တိုက်တွေ့ဆုံမှုတွင် သက်တမ်းအ လိုက် ပြိုင်ပွဲမဟုတ်ဘဲ လက်ရွေး စင်အဆင့် ပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲဖြစ်နေရာ မြန်မာအတွက် ခက်ခက်ခဲခဲယှဉ် ပြိုင်ရမည့် အခြေအနေ
ဖြစ်သည်။

သို့သော် ထိုင်းအသင်းသည် ဖိလစ်ပိုင်ကို အနိုင်ရရှိသည့် ပွဲစဉ် ၌ အရန်ကစားသမား ၁၀ ဦးအထိ အသုံးပြု၍ အနိုင်ရရှိခဲ့သည် ဆို သော်လည်း စင်ကာပူနှင့် ယှဉ်ပြိုင် သည့် ပွဲစဉ်တွင် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်မှု အားနည်း ခဲ့ကြောင်း တွေ့ရသည်။

စင်ကာပူနည်းပြ ဆန်ဒရာမူ သီးအနေဖြင့် ထိုင်းအသင်းနှင့်ပွဲ တွင် ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်၍ တန်ပြန်တိုက်စစ် ဖြင့် ပုံဖော်ကစားရာ ဂိုးရနိုင်မည့် အခွင့်အရေးများဖန်တီးနိုင်ခဲ့သည် ကို တွေ့ရသည်။

 လက်ရှိ အနေအထားတွင် မြန်မာအသင်းသည် မလေးရှားနှင့် ပွဲ၌ ပြသနိုင်ခဲ့သည့်ခြေစွမ်းကြောင့် ပြိုင်ဘက်များ၏လေးစားမှုကို ရရှိ ထားပြီး ထိုင်းနည်းပြ ကိုင်တီဆက် ကလည်း မြန်မာအသင်းကို အထူးသတိထား ရင်ဆိုင် ရမည်ဟု The Nation သတင်းစာအား ပြောသည်။ ‘‘မြန်မာတိုက်စစ်က ထက် မြက်မှုရှိတယ်။ တောင်ပံနှစ်ဖက် ကလည်း အန္တရာယ်ပေးနိုင်စွမ်းရှိ တယ်။ အထူးသဖြင့် အောင်သူကို ကျွန်တော်တို့ အဓိက ထိန်းချုပ် ကစား ရလိမ့်မယ်’’ဟု ကိုင်တီဆက်က ပြောသည်။ ထိုကဲ့သို့ မြန်မာတိုက်စစ်မှူး အောင်သူအပေါ် ပစ် မှတ်ထား ထိန်းချုပ်ကစားလာမည့် အပေါ် ပိုမိုသဘောကျမိကြောင်း လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းက သုံးသပ်သည်။

‘‘ဒါကို ပိုပြီး သဘောကျပါ တယ်။ ဘာကြောင့်လဲဆို အောင် သူကို အာရုံစိုက်နေချိန်မှာ တခြား နေရာလွတ်တွေနဲ့ ဂိုးသွင်းယူနိုင်တဲ့ဒေးဗစ်ထန်းတို့လို ကစားသမား တွေ မြန်မာအသင်းမှာ ရှိနေပါ တယ်’’ဟု ဦးမျိုးလှိုင်ဝင်းက ပြော ကြားသည်။

‘‘ဒါပေမဲ့ ကစားသမားတွေ အနေနဲ့ မလေးရှားနဲ့ ပွဲကထက် ပို တဲ့ အားထုတ်မှုမျိုးရှိဖို့တော့ လိုအပ်လိမ့်မယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ သို့သော် ခံစစ်ပိုင်း တည်ငြိမ်မှုရှိရန်နှင့် တိုက်စစ်ပိုင်း အဆုံးသတ်အားနည်းနေမှုကို အ ချိန်မီ ပြင်ဆင်ရန် လိုအပ်မည်ဟု ဦးဝင်းသူမိုးက ထောက်ပြသည်။

မလေးရှားနှင့်ပွဲတွင် မြန်မာ တစ်သင်းလုံး အကောင်းဆုံးခြေ စွမ်းပြသနိုင်ခဲ့ကာ ပထမပိုင်းတွင် ပိုမို ဖိအားပေး ကစားနိုင်သော် လည်း တိုက်စစ်ပိုင်းအဆုံးသတ်မှု အားနည်းချက်ကြောင့် ဂိုးရနိုင် သည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရ သည်။ ထိုင်းနှင့်ပွဲတွင် ရသည့် အခွင့်အရေးကို အသုံးချနိုင်မှသာ မြန်မာအသင်း ရလဒ်ကောင်းမျှော်လင့်နိုင်မည်ဖြစ်သည်။

ထိုင်းအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ငါးပွဲကစားအပြီး လေးပွဲရှုံး၊ တစ်ပွဲသရေရလဒ်ဖြင့် အခြေမလှဖြစ်လာသည့် အနေအ ထားတွင် ဒေသတွင်း အဆင့်အမြင့် ဆုံး ဆူဇူကီးပြိုင်ပွဲကို တစ်ကျော့ပြန် အာရုံစိုက်လာကာ ဒဏ်ရာရ ကစားသမားအချို့မှ လွဲ၍ အဓိကကစားသမားများဖြင့် ဝင်ရောက် ယှဉ်ပြိုင်လာခြင်း ဖြစ်သည်။

‘‘မြန်မာနဲ့ပွဲအတွက် ပြင်ဆင် မှုတွေ သေသေချာချာလုပ်ဖို့ လို အပ်ပါတယ်။ သူတို့(မြန်မာ)အ သင်းမှာ ယူ-၂၀ ကမ္ဘာ့ဖလား ကစားဖူးတဲ့ ကစားသမားတွေ ပါဝင်တယ်။ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတယ်။ ဒီအချက်တွေက ဒုတိယအကျော့ (အိမ်ကွင်း) မှာတောင် အရေးမနိမ့်ဖို့ အာရုံစိုက်ကစားရပါလိမ့်မယ်’’ဟု ထိုင်းအသင်းကို ၂၀၁၄ ဆူဇူကီးဖလားရရှိအောင် စွမ်းဆောင်ပေးထားသည့် ကိုင်တီဆက်က ပြောကြားသည်။

မလေးရှားအသင်းနှင့် ပွဲစဉ် ၌ ပြသနိုင်သည့် မြန်မာအသင်း၏ ခြေစွမ်းမှာ ဂတ်ဖရိုင်းဒရစ်လက် ထက်အကောင်းဆုံးခြေစွမ်းဟု မြန်မာ့ဘောလုံးလောကအတွင်း သတ်မှတ်ထားပြီး အဆိုပါခြေစွမ်းကို လာမည့် ထိုင်းအသင်းနှင့် ပွဲစဉ်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် လိုအပ်ကြောင်း သုံးသပ်ပြသည်။

မြန်မာအသင်းသည် ထိုင်းအ သင်းနှင့် ပွဲစဉ်အတွက် ကစားသ မားများကို နားရက်မပေးဘဲ ဆက် တိုက်လေ့ကျင့်ပြီး ပွဲပယ်နှင့် ဒဏ်ရာရကစားသမားများလည်း မရှိပေ။ ဆူဇူကီးပြိုင်ပွဲအုပ်စုပွဲစဉ်များ၌ မြန်မာပရိသတ်များအနေဖြင့် ကွင်းအတွင်း လာရောက်အားပေး မှု များပြားသကဲ့သို့ စည်းကမ်းရှိစွာ အားပေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ထိုင်းအသင်းနှင့် အကြိုဗိုလ်ပွဲစဉ်(ပထမအကျော့) အိမ်ကွင်းပွဲ စဉ်၌လည်း ကွင်းလုံးပြည့်ပရိသတ်  လာရောက် အားပေးမည်မှာ အသေအချာဖြစ်ပြီး မြန်မာပရိသတ် များ၏စည်းကမ်းရှိမှုကို ထပ်မံပြ သနိုင်မည့် အခွင့်အရေးဖြစ်သည်။

ဆူဇူကီးပြိုင်ပွဲအကြိုဗိုလ်လု ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ  နှင့်ထိုင်း ပထမအကျော့ပွဲစဉ်ကို ဒီဇင်ဘာ ၄ ရက်တွင် သုဝဏ္ဏကွင်း ၌လည်းကောင်း၊ ဒုတိယအကျော့ ပွဲစဉ်ကို ဒီဇင်ဘာ ၈ ရက်၌ ထိုင်းနိုင်ငံတွင်လည်းကောင်း ယှဉ်ပြိုင် ရမည်ဖြစ်သည်။

မြန်မာအသင်းသည် ၁၉၉၆ တွင် စတင်ကျင်းပသည့် အာဆီ ယံဆူဇူကီးဖလား(ယခင် တိုက်ဂါး ဖလား) ပြိုင်ပွဲ သက်တမ်းတစ် လျှောက် ၂၀၀၄ ၌ ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲသို့ တက်ရောက် နိုင်ပြီး ယခုဒုတိယအကြိမ်
အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း ဖြစ်သည်။

၂၀၀၄ ပြိုင်ပွဲတွင် မြန်မာအ သင်းအကြိုဗိုလ်လုပွဲအဆင့် တက် ရောက်နိုင်ခဲ့ပြီး စင်ကာပူနှင့်ယှဉ် ပြိုင်ခဲ့ရသော်လည်း အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ မလေးရှားနိုင်ငံတွင်သာ အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရသည်။ စင်ကာပူနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ သော်လည်း ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲ တွင် ဆူဇူကီးပြိုင်ပွဲအကြိုဗိုလ်လု ပွဲအဆင့်သို့ တက်ရောက်နိုင်ခြင်း မှာ ဒုတိယအကြိမ် ဖြစ်သော်လည်း သုဝဏ္ဏကွင်း၌ ကျင်းပမည့် အကြိုဗိုလ်လုပွဲအဆင့် အိမ်ကွင်းပွဲစဉ် သည် ပထမဆုံးအကြိမ် ဖြစ်လာ မည်ဖြစ်သည်။

 ထို့အတူ မြန်မာအသင်းအ နေဖြင့် အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည့် မှတ်တမ်းရေးထိုးနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ပြီး နည်းပြချုပ် နှင့် ကစားသမားများက စွမ်း ဆောင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ်။ ဒါပေမဲ့ဘောလုံးမှာ ဘာမဆို ဖြစ်သွား တတ်တဲ့ သာဓကတွေ ရှိပါတယ်’’ ဟု မြန်မာအသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ပြောသည်။ ဘိုဘိုမင်းချစ်ဝိုင်း

No comments:

Post a Comment