Friday, December 2, 2016

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း

ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်ပြီး အတွင်းရေးမှူး(၁)ယောက်နဲ့ အဖွဲ့ဝင် (၁၁)ယောက်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတ ဦးထင်ကျော်က ဒီနေ့ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အဲဒီ့ကော်မရှင်ဟာ အောက်တိုဘာလ ၉ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသထဲ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရတဲ့ နောက်ခံအခြေအနေတွေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေမှာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၇ ဇန်န၀ါရီ ၃၁ရက်နေ့အရောက် သမ္မတထံ တိုက်ရိုက်တင်ပြရမယ်လို့ ဖော်ပြပါရှိပါတယ်။

No comments:

Post a Comment