Thursday, December 1, 2016

ရန်ကုန်တက္ကသိုလ်ရှိ မဟာတန်းနှင့်ပါရဂူတန်းတက်ရောက် ကျောင်းသား၊ ကျောင်းသူများ၂၀၁၇ ဇန်န၀ါရီတွင်လှိုင်နယ်မြေရှိ အဆောင်များတွင် ပြောင်းရွှေ့နေထိုင်ရမည်

ရန်ကုန် တက္ကသိုလ်ရှိ မဟာတန်းနှင့်ပါရဂူတန်း များတွင် တက်ရောက်နေသောကျောင်း သား၊ ကျောင်းသူများသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ၌ လှိုင်နယ်မြေတွင် အသစ်ဆောက်လုပ်ထားသော နိုင်ငံ တကာအဆင့်မီအဆောင်များတွင် ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၆ -၂၀၁၇ပညာသင်နှစ် (ဒုတိယပညာ သင်ကာလ)တွင် ကမာရွတ်နယ်မြေ အတွင်းရှိ အဆောင်များတွင်နေထိုင် လျက်ရှိကြသော ကျောင်းသား၊ ကျောင်း သူများအနက် ပထမနှစ်မဟာတန်း၊ ဒုတိယနှစ်မဟာတန်း၊ မဟာသုတေ သနသင်တန်း၊ ပါရဂူကြိုသင်တန်းနှင့် ပါရဂူကျမ်းပြုသင်တန်းများမှ (အမျိုး သား)ကျောင်းသားအားလုံးနှင့် စတုတ္ထ နှစ်သင်တန်းမှကျောင်းသူများ၊ဒုတိယ နှစ်ဂုဏ်ထူးတန်းမှ ကျောင်းသူများ သည် ဒီဇင်ဘာလတွင်ယခင်နေထိုင် ခဲ့သောအဆောင်များတွင် ယာယီနေ ထိုင်ပြီး ၂၀၁၇ခုနှစ် ဇန်န၀ါရီလတွင် လှိုင်နယ်မြေရှိ နိုင်ငံ တကာအဆင့်မီအဆောင်များသို့ ပြောင်းရွှေ့နေထိုင် နိုင်ကြောင်း ရန်ကုန်တက္ကသိုလ်မှ ကြေညာထားသည်။

""ကျွန်တော်တို့အစည်းအဝေး ဆုံးဖြတ်ချက်အရ စီနီယာကလေးတွေ ဆိုရင် သူ့ဟာနဲ့သူထိန်းနိုင်တယ်လို့ ယူဆပြီးထားတာပါ။ ကျန်ကလေးတွေ ကတော့ဒီဘက်မှာပဲထားမှာပါ။ ကျွန် တော်တို့အနေနဲ့အဆောင်တွေကို ပို သင့်တော်အောင် စီစဉ်ရတာဖြစ်ပါ တယ်""ဟု ရန်ကုန်တက္ကသိုလ်၊ သင် တန်းရေးရာဌာနမှူး ဒေါက်တာလှ ဆွေက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့လွန်သင် တန်းများ(ပထမနှစ် မဟာသင်တန်း၊ ဒုတိယ နှစ်မဟာသင်တန်း၊ မဟာသု တေသနသင်တန်း၊ ပါရဂူကြိုသင်တန်း နှင့် ပါရဂူကြမ်းပြုသင်တန်း)များ တွင် တက်ရောက်နေသော အမျိုးသမီး ကျောင်းသူများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်(ဒုတိယ ပညာသင်ကာ လ)မှစ၍ ကျောင်းဆောင်သစ်များ တွင် နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။ယခုဆောက်လုပ်ပေးထားသော အဆောင်များတွင် လေအေးပေးစက် စနစ်၊ ဓာတ်လှေကားစနစ်၊ အိပ်ခန်း များအတွင် မွှေ့ရာ စသည့်အထောက် အပံ့ပစ္စည်းများကိုတပ်ဆင်ပေးထား
ကြောင်း၊ ကျောင်းဆောင်သစ်များ တွင် အဆောင်နေထိုင်ခနှုန်းထားများ ကို ထပ်မံကြေညာပေးသွားမည်ဖြစ် ပြီးအဆိုပါအဆောင်များကိုပြောင်း ရွှေ့
သည့်အခါတွင် ရန်ကုန်တက္ကသိုလ် ၏အစီအစဉ်ဖြင့် ပြောင်းရွှေ့ပေး မည်ဖြစ်ကြောင်း သိရသည်။
အဆောင်သစ်များတွင် ပြောင်း ရွှေ့နေထိုင်နိုင်ကြောင်း သတ်မှတ် ထားသော ကျောင်းသား၊ ကျောင်းသူ များမှအပ ကျန်အဆောင်နေကျောင်း သား၊ ကျောင်းသူများသည် ရန်ကုန် တက္ကသိုလ် ကမာရွတ်နယ်မြေအတွင်း ရှိအဆောင်များတွင် ဆက်လက်နေ ထိုင်ရမည်ဖြစ်သည်။
ATK

No comments:

Post a Comment