Friday, December 2, 2016

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး ၅၅နှစ်မြောက်အထိမ်းအမှတ် မင်္ဂလာပါပွဲတော်

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဆက်ဆံရေး ၅၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် မင်္ဂလာပါပွဲတော်ကို ၃ ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပွဲတော်မှာ ရုပ်သေးရုပ်ကြီး နှစ်ရုပ်က ရန်ကုန်မြို့မှာစီတန်းလှည့်လည် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ရုပ်သေးရုပ်ကြီးနှစ်ရုပ်အနက် ပထမအရုပ်(ကျား)ကတော့ ယနေ့ မနက် ၁၁နာရီအချိန်က ဗိုလ်တထောင်ဆိပ်ကမ်းကိုဆိုက်ကပ်လာပြီး မြန်မာအကပညာရှင်များနဲ့ပရိတ်သတ်များက ကြိုဆိုခဲ့ကြပါတယ်။ ရုပ်သေးရုပ်နှစ်ရုပ်ကိုတော့ ချစ်စရာမြန်မာနာမည်လေးများမှည့်ခေါ်ပေးထားပါတယ်။ယောက်ျားလေးပုံ ရုပ်သေးရုပ်ကိုတော့ စောဖြိုးလို့ အမည်ပေးထားပြီး မိန်းကလေးရုပ်သေးရုပ်ကိုတော့ ရွှေမိလို့ အမည်ပေးထားကြောင်းသိရပါတယ်။ ယခုအချိန်မှာတော့ ယောကျာင်္းလေးပုံ ရုပ်သေးရုပ် စောဖြိုးဟာ ဒလမြို့နယ် ကိုရောက်ရှိနေပြီး လှည့်လည် ဖျော်ဖြေနေတာကို တွေ့ရပါတယ် ။ ညနေ ၄နာရီမှာတော့ ဝါးတန်းဆိပ်ကမ်းမှာ ရုပ်သေးရုပ်နှစ်ရုပ်ဆုံတွေ့ကြပြီး  မင်္ဂလာပါပွဲတော်ကို ဖွင့်လှစ်ပေးကြမှာဖြစ်ပါတယ်။ မျိုးကျော် (ကနောင်သွေး)

No comments:

Post a Comment