Thursday, December 1, 2016

ခင်ပွန်းဖြစ်သူ အိမ်မှထွက်သွားသဖြင့်ဇနီးဖြစ်သူ ကြိုးဆွဲချသေဆုံး

အိမ်ထောင်ရှင်အမျိုးသား အလုပ်လုပ်ရန် အိမ်မှထွက်သွားပြီး တစ်လခန့်ကြာသည်အထိ ဆက်သွယ်ခြင်းမရှိသဖြင့် အမျိုးသမီးဖြစ်သူမှာ စိတ်ညစ်၍ ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းမှူး ရဲအုပ်သန်း ကျော်ရွှေသည် နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခွဲက တာဝန်ထမ်းဆောင် နေစဉ် နထားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်မှ ၎င်းင်းကျေးရွာ နေ မလဲ့လဲ့ဝင်း (၃၀)နှစ်သည် နေအိမ်၌ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး နေကြောင်း အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးရာ မလဲ့လဲ့ဝင်းမှာ နေအိမ်ခြေရင်းအဖီအတွင်း အမြင့် ၁၂ ပေခန့်ရှိ ဒိုင်းတန်းတွင် အရှည် ၁၂ ပေခန့်ရှိ အစိမ်းအ၀ါ ပီနံကြိုး ဖြင့် ကျစ်ထားသောကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ မလဲ့လဲ့ဝင်းမှာ လွန်ခဲ့သော နှစ်လခန့်က တစ်ရွာတည်းနေ ဖိုးပိန်ဆိုသူနှင့် အိမ်ထောင်ပြုပြီးနောက် တစ်လ ခန့်အကြာတွင် ဖိုးပိန်မှာ အလုပ်လုပ်ရန်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ဆက်သွယ်ခြင်းမပြု၍ စိတ် ညစ်နေကြောင်း၊ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခွဲတွင် မလဲ့လဲ့ဝင်းနှင့် ၎င်းင်း၏ဖခင်ဖြစ်သူ ဦးထွန်းခင်တို့ အတူရှိနေစဉ် မလဲ့လဲ့ဝင်းမှာ နေအိမ် အဖီအတွင်း ၀င်သွားပြီး ပြန်ထွက်မလာ၍ ဦးထွန်းခင်မှ သွားရောက် ကြည့်ရှုရာ မလဲ့လဲ့ဝင်းမှာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
၎င်းင်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် နိုဝင်ဘာ ၂၉ ရက် ည တွင် ရဲအုပ်သန်းကျော်ရွှေ မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အောင်လံမြို့နယ် ရွှေပန်းတောနယ် မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၆ အရ ရေးဖွင့် ထားသည်ဟု သိရသည်။
ZZ

No comments:

Post a Comment