Thursday, December 1, 2016

တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို မြန်မာမှတစ်ဆင့် တရုတ်ဈေးကွက်သို့ ရောင်းဝယ်နေမှု တားဆီးရန် အိန္ဒိယတောင်းဆို

အိန္ဒိယနိုင်ငံတွင် ကျက် စားသည့် တောရိုင်းတိရစ္ဆာန် အ စိတ်အပိုင်းများကို မြန်မာနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တရား မ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက် နေမှုများ တားဆီးနှိမ်နင်းရန် အိန္ဒိယအစိုးရက မြန်မာအစိုးရထံ တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။ အိန္ဒိယနိုင်ငံတွင် နေထိုင် ကျက်စားသော ကျား၊ ကျားသစ်၊ ကြံ့ချို၊ အိန္ဒိယကြယ်လိပ်နှင့် အ ခြားတိရစ္ဆာန်များအား မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တားဆီးနှိမ်နင်းရန် နှစ်နိုင်ငံအစိုးရအကြား တွေ့ဆုံဆွေးနွေးမှုများ နိုဝင်ဘာ ၂၂ မှ ၂၃ရက်အထိ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။




သဘောတူညီချက်အရ နှစ် နိုင်ငံအကြား ဖြစ်ပေါ်နေသော တောရိုင်းတိရစ္ဆာန် တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အဆင့်မြှင့်တင်မည်ဖြစ်ပြီး နည်းပညာအထောက်အပံ့များ၊ မှုခင်း ဆေးပညာရပ်များ၊ မျိုးစိတ် ခွဲခြား ခြင်းများဆိုင်ရာ လုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်မှုများ လုပ်ဆောင်မည်ဟု ဆိုသည်။

 မြန်မာနှင့် အိန္ဒိယနိုင်ငံအကြား တောရိုင်းတိရစ္ဆာန်အမှုများတွင် နိုင်ငံအတွင်း ကျင့်သုံးနေသော ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖလှယ်ခြင်းနှင့် သတင်းအချက်အလက်ဖလှယ်မျှဝေခြင်းများလည်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအ ကြား ကျင်းပလေ့ရှိသည့် နယ်စပ် ဒေသဆိုင်ရာ အစည်းအဝေးတွင် လည်း နယ်စပ်ဖြတ်ကျော် တော ရိုင်းတိရစ္ဆာန်အမှုများနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးရန် အိန္ဒိယ အစိုးရက တောင်းဆိုခဲ့ပြီး မြန်မာ နိုင်ငံမှ သစ်တောအရာရှိများကို လည်း တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းစီမံခန့်ခွဲမှုများ သင်တန်းပေး မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုကို အိန္ဒိယ နိုင်ငံမှ တောရိုင်းတိရစ္ဆာန်တရား မ၀င် ရောင်းဝယ်မှုတားဆီးနှိမ်နင်း ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများဦးဆောင်ဆွေးနွေးခဲ့ ကြသည်။

 အစည်းအဝေးပြုလုပ်ပြီး နောက် နှစ်နိုင်ငံသဘောတူညီချက် များကို နိုဝင်ဘာ ၂၉ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အိဖြူမွန်

No comments:

Post a Comment