Friday, December 2, 2016

ခမောက်ကြီးမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် သတင်းအရဝင်ရောက်ရှာဖွေရာ တရားမဝင်သစ်များ သိမ်းဆီးရမိကြောင်း သိရသည်။ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က ကော့သောင်းမြို့နယ်ခွဲ ခမောက်ကြီးမြို့နယ် သစ်တောဧရိယာအစပ်ထူးဇုံ ဆီအုန်းကုမ္ပဏီအဝင်လမ်းအတွင်းတွင် တရားမဝင်သစ်များတွေ့ရှိကြောင်းသတင်းအရ ခမောက်ကြီးမြို့နယ်သစ်တောတောခေါင်းကိုဝဏ္ဏ ခမောက်ကြီးရဲတပ်ဖွဲ့စခန်းမှူး ခမောက်ကြီးအမှတ်(၁)ရပ်ကွက်ရာအိမ်မှူး မီးသတ်နှင့်CSOအဖွဲ့များဖြစ်ကြသည့် Flegl အဖွဲ့ Green Network အဖွဲ့တို့ပါဝင်သည့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှာဖွေကြရာ နမ်မနွယ်ချောင်းဖျားအရောက်တွင် ဆီ၊ကညင်၊ကတွတ်၊ဂန့်ဂေါ်များပါဝင်သည့် သစ်မျိုးစုံ(၄၃) ချောင်း တန်အားဖြင့် ၈.၃၉၄၄ တန်ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ အဆိုပါသစ်များ၏ပိုင်ရှင်ကို စုံစမ်းဆဲဖြစ်ကြောင်း ကော့သောင်းခရိုင်အတွင်းတွင် မကြာခဏ ယခုလို သစ်တွေကိုဖမ်းဆီးရမိကြောင်း ကော့သောင်းသစ်တောရုံးမှသိရှိရပါသည်။ လတ်ကိုကိုဦး

No comments:

Post a Comment