Thursday, December 1, 2016

"ဈေးသည်အချင်းချင်း စကားများရာမှ ရဲဝင်ထိန်းရ "

သာကေတမြို့နယ်၊ (၁၀)ရပ်ကွက်၊ ရတနာပုံ (၁)လမ်းတွင် အမျိုးသားနှစ်ဦးက လမ်းဘေးတွင် ဈေးရောင်းချနေသူများအား ရိုက်နှက်မှုဖြစ်ပွားသောကြောင့် ဘာသာရေး၊လူမျိုးရေး အသွင်ဆောင်မှု မဖြစ်လာစေရန်အတွက် အခင်း ဖြစ်ပွားရာနေရာများကို လုံခြုံရေး တိုးမြှင့်ချထားကြောင်း သာကေတမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှုးရဲအုပ်မြင့်ဇော်ဦးက ပြောသည်။ ယနေ့ (ဒီဇင်ဘာ၁ရက်) နံနက်၆နာရီခွဲအချိန်တွင် သာကေတမြို့နယ် ရတနာပုံ (၁)လမ်းတွင် လမ်းဘေး ကုန်စိမ်းရောင်းချနေသော သူများကို ဘာသာခြားတစ်ဦးက သူ၏ဆိုင်ရှေ့တွင် ရောင်းချနေသည်ဟုဆိုကာ ကုန်စိမ်းများကို ဖျက်ဆီးပြီး ဈေးသည် အချို့ကို ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင်ရှိသူများက ရိုက်နှက်မှုများပြုလုပ်သည့် ဘာသာခြားရောင်းချနေသော ကုန်စုံဆိုင်များကို ပိတ်သိမ်းပေးရန် ပြောဆိုပြီး ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ဖြစ်ပွားမှုကြောင့် သာကေတမြို့နယ်ရဲတပ်ဖွဲ့က ကုန်စိမ်းဈေးသည်များအား ရိုက်နှက်သည့် ဘာသာခြားနှစ်ဦးကို ဖမ်းဆီးပြီး အခင်းဖြစ်ပွားသည့် နေရာများကို လုံခြုံရေး တိုးမြှင့်ချထားကြောင်း ရဲအုပ် မြင့်ဇော်ဦးက ပြောသည်။

No comments:

Post a Comment